စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၀၇၅၀၀ ၃၉၉၀၀၀ ၂ မုံရွာ ၁ ပိဿာ ၅၇၅ ၅၇၅ ၃ ပြည် ၁ ပိဿာ ၆၃၀ ၅၉၅ ၄ ဟင်္သာတ ၁ ပိဿာ ၆၂၅ ၆၀၀ ၅ မန္တလေး ၁ ပိဿာ ၆၁၇ ၅၈၃ မတ်ပဲအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် သြင်္ကန်ပွဲတော် နီးကပ် လာတာကြောင့် ပဲအရောင်းအဝယ်ပြုလုပ်လိုတဲ့ ကုန်သည်များက ပဲဈေးကွက်သို့ ပုံမှန်ထက် စာရင် လာရောက်မှုနည်းသွားသလို အိတ်စ် ပို့ဝယ်လက်ကလည်း မတ်ပဲ (RC) ကို ဈေးချအဝယ်ရှိနေ တယ်လို့ဆို ပါတယ်။ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ဝယ်လက်တွေက ပြည်ပ ဝယ်လိုအားလျော့နည်းသွားတဲ့ အပေါ် ဈေးချအဝယ် ရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့်အရောင်း အဝယ်ဖြစ်မှု ပမာဏ လျော့နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ(RC)တစ်တန်ကို အနိမ့် ဆုံး ၃၉၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၀၄၀၀၀ ကျပ် အတွင်း တန် ၃၀၃၅ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်တွင် မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက် အဝယ်ပါးပြီး မြို့ခံပဲခွဲစက် တွေသာ ဝယ်အားပုံမှန်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မှာ ရှိနေတယ်လို့ မြို့ခံပဲကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၈၃ကျပ်(တစ်တန်ကို၃၅၇၀၂၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးကျလာပြီး တစ်ပိဿာ ကို ၅၉၅ ကျပ်(တစ်တန်ကို ၃၆၄၃၇၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန် ဝယ်လက်က ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးကွက်သို့ မတ်ပဲအဝင်လှိုင်တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ သိရပါတယ်။ ပဲဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ဝယ်လိုအားနဲ့စာရင် ရောင်းလိုအားက များနေ တယ်။ ဒါကြောင့်ပဲဈေးတွေ ကျဆင်းလာတာလို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၆၀၀ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background