စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၇၅ ၂၉၀ ၂ လားရှိုး ၁ ပိဿာ ၃၇၀ ၃၇၀ ၃ မူဆယ် ၁ တန် ၂၇၃၆၂၀ ၂၆၆၆၀၂ ၄ မန္တလေး ၁ ပိဿာ ၃၂၈ ၃၂၈ ၅ မြင်းခြံ ၁ ပိဿာ ၃၁၀ ၃၀၅ပြောင်းကို တရုတ်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေး ဝယ် လက်နဲ့ ဒေသတွင်းအစာစပ်သမားများက ဝယ်အားသွက်လာ သလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၉၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသ ခံပြောင်း ကုန်သည် တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည်များ အရောင်းများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၃၂၈ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပေမယ့် တရုတ်အဆွဲကတော့ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၇၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၈၄၅၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background