စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၉၆၀ - - ၂ မုံရွာ ၁ ပိဿာ ၇၈၉ ၇၈၉ ၃ မန္တလေး ၁ ပိဿာ ၇၂၉ ၈၅၃ ၄ မကွေး ၁ ပိဿာ ၆၈၅ ၆၈၅ပဲတီစိမ်း(အညာ) ကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(အညာစ)ကို အိတ်စပို့အဆွဲအေးနေပြီး ပဲတီစိမ်း (ခရမ်းရွှေဝါ) ကိုသာ တစ်ပိဿာ ၁၀၁၆ ကျပ်(တစ်တန်ကို ၆၂၂၁၈၈ ကျပ်)နဲ့ တစ်ပတ်အတွင်း ၁၅၆ တန်ခန့်သာ အဝယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို တရုတ်အဝယ်အေးနေပြီး ပဲတီစိမ်း(အညာ) (လတ်စ)ကိုသာ အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို အနိမ့် ဆုံး ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်) မှ တစ်ပိဿာ ကို အမြင့်ဆုံး ၈၅၃ ကျပ် (တစ်တန်ကို ၅၂၂၃၆၈ ကျပ်)အတွင်း တစ်ရက်ကို အိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က ဝယ်လိုအားလျော့သွားသလို ရောင်းသူ ကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရ ပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက် က ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက် က ဆိုပါတယ်။
Background