ပဲစင်းငုံနီ
စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၃၄၀၀၀ ၄၃၀၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၇၅ ၆၄၂ ၃ မုံရွာ ၁ ပိဿာ ၆၄၀ ၆၃၅ ၄ ပခုက္ကူ ၁ ပိဿာ ၆၅၅ ၆၅၅ ၅ မြင်းခြံ ၁ ပိဿာ ၆၃၀ ၆၃၀ ၆ အောင်လံ ၁ ပိဿာ ၆၅၀ ၆၄၀ ၇ မကွေး ၁ ပိဿာ ၆၆၅ ၆၄၀ ၈ ပြည် ၁ ပိဿာ ၆၈၀ ၆၄၀ အိတ်စပို့ အဆွဲနည်းလို့ ပဲစင်းငုံနီဈေး ဆက်လက်ကျဆင်း ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ပုံမှန်ထက်စာရင် ဝယ်အားပျော့သွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရ ပါတယ်။ လှောင်လက်ကုန်သည်တွေက ပဲဈေးကျဆင်းနေတာကြောင့် အရောင်းပါးလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ပြည်ပဈေး ကွက်ဝယ်လိုအား အခြေအနေပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် အခုလိုဈေးတွေကျဆင်းလာရတာလို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄၃၀၀၀၀ ကျပ်နဲ့ တန် ၄၄၄ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေး ကွက်သို့ မြင်းခြံဘက်မှ ပဲစင်းငုံနီတွေ ဝင်အားပုံမှန်ရှိပေမယ့် ရန်ကုန် ဝယ်လက်က ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၄၂ ကျပ်(တစ်တန်ကို ၃၉၃၁၅၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၄၀ ကျပ်(တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံ နီက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၅ ကျပ်(တစ်တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၇၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲအေးသွားသလို လှောင်လက် ကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၃၀ ကျပ်(တစ် တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲအသင့် အတင့်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေတယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၄၀ ကျပ်(တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ တစ်ပတ်အ တွင်း အိတ် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အဝယ်အေးလို့ ယခင်အပတ် နဲ့စာရင် ဈေးကျနေကြောင်း သိရပါတယ်။ ပဲဈေးကောင်းတဲ့အခါမှာ လှောင်လက်တွေ အရောင်းများပေမယ့် အခုလို ပဲဈေးကျဆင်းလာ တော့ လှောင်လက်တွေ အရောင်းနည်းသွားတယ်လို့ ကုန်သည်နဲ့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၃၅ ကျပ်(တစ်တန်ကို ၃၈၈၈၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
