Main menu

Background

ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း မြိတ်နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်

Mon, 04/09/2012 - 04:21 -- Anonymous (not verified)

    မြိတ်နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးပြီး ကုန်သွယ်မှုမူဝါဒ လုပ်ထုံးလုပ်နည်းသင်တန်းကို ဧပြီလ ၂ ရက်မှ ၆ ရက်အထိ မြိတ်မြို့ အထက (၁) ကျောင်းမှာ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။    သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂ ရက် နံနက် ၁၁ နာရီမှာ အထက (၁) ကျောင်းဝင်းရှိ ပညာဗိမ္မာန်ခန်းမမှာ ကျင်းပခဲ့ပြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြိတ်ခရိုင်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌတို့မှ အဖွင့်အမှာစကားများ အသီးသီးမြွတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။ သင်တန်းသို့ သင်တန်းသား ၉၁ ဦး တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။ သင်တန်းမှာ ပို့ကုန်သွင်းကုန်ဆိုင်ရာများ၊ မူဝါဒ ဆိုင်ရာများ၊ ကုမ္ပဏီထူထောင်ခြင်းဆိုင်ရာ သိကောင်း စရာများ၊ နိုင်ငံတော်မှ ဖြေလျော့ပေးနေမှုဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပို့ချပေးသွားမယ်လို့ သိရပါတယ်။ မူလက သင်တန်း သား ၅၀ နှင့် ဖွင့်လှစ်ရန်လျာထားသော်လည်း စိတ်ပါဝင်စားသူများပြားသဖြင့် လျာထားချက်ထက် ၄၁ ဦးပိုမို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ သင်တန်းနဲ့အတူ အလုပ်ရုံဆွေးနွေးပွဲပါ ထည့်သွင်းကျင်းပသွားမယ်လို့လည်း သတင်းရရှိပါတယ်။MIRT (DOBT)