Main menu

Background

မူဆယ်နဲ့ တမူးတို့မှ ပရဆေးကုန်ကြမ်း ကုန်သွယ်မှုအခြေအနေ

Mon, 04/09/2012 - 04:21 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၉ သန်းတန်ဖိုးရှိ ပရဆေး တန် ၈၅၀ ကျော် အပို့ရှိ ခဲ့ပါတယ်။ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ တောဂျူးမြစ်၊ နနွင်းတက် (ရှမ်း)၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မာလာခေါင်းနဲ့ မာလာဥတို့ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင် အပတ်ကအပို့မရှိခဲ့တဲ့ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ရှားစေးနဲ့ မာလာခေါင်းတို့ ယခုအပတ်မှာ အပို့ ရှိခဲ့ပြီး ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစားဂမုန်းနဲ့ မာလာဥတို့ ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ တောဂျူးမြစ်၊ နနွင်းတက်၊ မိချောင်းကွမ်းဖတ်စေ့၊ ဒရင်ကောက်မြစ်တို့ ယခင်အပတ်ကထက် အပို့လျော့ခဲ့တယ် လို့ သိရပါတယ်။ တမူူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၁၀၁ သန်းတန်ဖိုးရှိ ရှိန်းခို ၁ တန်ခွဲ၊ ဇာတိဖ္ပိုလ်သီး၊ သိုင်းမောနဲ့တောင်လုံးကျော် ၁ ဒသမ ၄ တန်အသွင်းရှိခဲ့တယ် လို့ သိရပါတယ်။MIRT (DOBT)