Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန်ချိန် ၄၃၆၀ ကျော် တင်ပို့မှုရှိ

Mon, 04/09/2012 - 04:23 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၁၀၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၆၃ တန်ဝန်းကျင်ကို မတ်လ၂၇ ရက်မှ ဧပြီလ ၃ ရက် ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၅၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။    မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၇၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၇၈ တန်ကျော်၊ ပုစွန် ၁၂ တန် ကျော်၊ ကဏန်း ၂၅ တန်ကျော်၊ ငါးရှဉ့် ၂ တန်၊ ဘီလား သုညဒသမ ၃၆ တန်နဲ့ ငါးပိ ၅ တန်အပို့ရှိခဲ့ပါတယ်။ ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ သုညဒသမ ၆၄၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅၄ တန်၊ ပုစွန် ၆ တန်ခွဲ၊ ငါးဆားနယ် ၉ တန်ကျော်၊ ကဏန်း ၄ တန်ကျော်၊ ခရု ၁ တန်ခွဲနဲ့ ကင်းမွန် သုညဒသမ ၂၄ တန် အသီးသီး အပို့ရှိခဲ့တာဖြစ်ပါတယ်။ မြိတ်နယ်စပ်မှာ တော့ ကန်ဒေါ်လာ ၃ ဒသမ ၀၈၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ အေးခဲကင်းမွန်၊ ငါးမှုန့်၊ အေးခဲပုစွန်၊ ရွှံ့ကဏန်း၊ အေးခဲကဏန်းပျော့၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ကင်းမွန်ပြုတ် ခြောက်၊ ကဏန်းအသေ ၃၂၆၅ တန်ဝန်းကျင်တင်ပို့ခဲ့တယ် လို့သိရပါတယ်။MIRT (DOBT)