မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ဝန်းကျင်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် ၁၇ တန် အပို့ပိုခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၁၉ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇ တန် အပို့လျော့ခဲ့ပါတယ်။ မူဆယ်မှ ရေခဲငါး ၃၂ တန်ဝန်းကျင်နဲ့ ကဏန်း ၅၁ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၉၆၆ သန်းဖိုး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်နယ်စပ်မြေပြင်ပေါက်ဈေးများကို ကြည့်ရာမှာ ငါးရှဉ့်ဈေး ကျပ် ၃ သိန်းဝန်းကျင်နဲ့ ဒေါ်လာ ၃၆၀ လျော့နည်းရရှိပြီး ကဏန်းဈေးကတော့ တစ်တန်ကို ကျပ် ၁၄ သိန်းကျော် ပိုမိုဈေး ရခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၄၆၅၂၁၀ ၂၇၆၈၀၁၀ ၃၀၂၈၀၀ ၁၂ ၃၀၇၀ ၃၄၃၀ ၃၆၀ ၁၂ကဏန်း(၂၅၀့စ) ၄၁၃၅၄၅၀ ၂၇၀၃၄၅၀ ၁၄၃၂၀၀၀ ၅၃ ၅၁၅၀ ၃၃၅၀ ၁၈၀၀ ၅၄ကဏန်း(၂၀၀-၂၅၀) ၃၉၇၄၈၅၀ ၂၅၄၂၀၅၀ ၁၄၃၂၈၀၀ ၅၆ ၄၉၅၀ ၃၁၅၀ ၁၈၀၀ ၅၇ကဏန်း(၁၅၀-၂၀၀) ၃၈၁၄၂၅၀ ၂၃၈၀၆၅၀ ၁၄၃၃၆၀၀ ၆၀ ၄၇၅၀ ၂၉၅၀ ၁၈၀၀ ၆၁ကဏန်း(၁၀၀-၁၅၀) ၃၆၉၃၈၀၀ ၂၂၅၉၆၀၀ ၁၄၃၄၂၀၀ ၆၃ ၄၆၀၀ ၂၈၀၀ ၁၈၀၀ ၆၄ MIRT (DOBT)
Background