Main menu

Background

မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 04/09/2012 - 04:41 -- Anonymous (not verified)

    နှစ်နိုင်ငံလစဉ်တွေ့ဆုံကျင်းပလျက်ရှိတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၉-၃-၂၀၁၂ ရက်နေ့တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည် အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။    အဲဒီအစည်းအဝေးမှာ မြန်မာဘက်ကညွှန်ကြားရေးမှူး ဦးဝင်းတင့်၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ OSS အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည် အသင်း အဖွဲ့များမှ ကိုယ်စားလှယ်အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးနှင့် တရုတ်နိုင်ငံ ဘက်က ကျယ်ဂေါင်စီးပွားရေးဇုန်၊ အုပ်ချုပ်ရေးမှူးမစ္စချွိုက်ယွင်ချွမ်း ဦးဆောင်တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူ ၁၂ ဦး တက်ရောက် ခဲ့ကြပါတယ်။    အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံမှကုန်စည်သယ်ယူပို့ဆောင်ယာဉ်များမှာ တစ်ဖက်နိုင်ငံ ကျယ်ဂေါင်မြို့ တွင် နေ့စဉ်ယာဉ်စီးရေ ၈၀၀ မှ ၉၀၀ အထိရှိနေ၍ ယာဉ်ကြောများပိတ်ဆို့မှုမရှိစေရေး၊ အချိန်ကြန့်ကြာမှုမရှိစေရေး အတွက် ကျယ် ဂေါင်ကုန်ချကွင်း၌ လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး၊ တရုတ်နိုင်ငံမှ ကားများ မိမိတို့ ၁၀၅ မိုင်သို့လာရောက်၍ကုန်ပစ္စည်းများသယ်ယူစေရေး ကိစ္စရပ် များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။    ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်၌ ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံဘက်က ဆွေးနွေးခဲ့ပြီးနောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျတဲ့ မီးရထားလမ်းနဲ့ ကားလမ်းများ တရုတ်နိုင်ငံဘက်မှာ တိုးချဲ့ တည်ဆောက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ပင် မြန်မာနိုင်ငံဘက်တွင်လည်း တည် ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ဖို့ တရုတ်နိုင်ငံ မှအကူအညီပေးရေး အစီ အစဉ်များဆောင်ရွက်လျက်ရှိကြောင်းကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိခဲ့ပါတယ်။မအေးအေး