မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၇ သန်းတန်ဖိုးရှိ ဧည့်မထ ၂၈၁၃ တန်နဲ့ ငစိန် ၅၉၅ တန်ကို မတ်လ ၂၈ ရက်မှ ဧပြီ လ ၃ ရက်ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ဧည့်မထ ဆန်တစ်မျိုးသာ ၁၈၉၆ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ဧည့်မထ ၉၁၇ တန်နဲ့ ငစိန် ၅၉၅ တန် အပို့ပိုခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးထွက် ဆန်များကို တင်ပို့တာဖြစ်ပြီး မိမိဘက်တစ်တန်လျှင် ၄၀၃၂၀၀ ကျပ်နဲ့ တစ်ဖက် နိုင်ငံမှာ ၃၂၀၀ ယွမ်ဈေးပေါက်တယ်လို့ သိရပါတယ်။ မတ်လမှာ နယ်စပ်မှ ဆန် တန်ချိန် ၅၀၀၀၀ ကျော် အပို့ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နယ်စပ်စခန်းများမှ ဆန်တန် ၁၁၇၈၀၀ ကျော် တင်ပို့ထားနိုင်ပြီဖြစ်ပါတယ်။ ဆန်ကို မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများက အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။MIRT(DOBT)
Background