Main menu

Background

အေးခဲအမဲသားနဲ့ နွားဘေးထွက် အပို့လျော့

Mon, 04/09/2012 - 04:45 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၃၃၀ ကျော် တင်ပို့မှုရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း တန်ဖိုးရှိ နွားဘေးထွက်နဲ့ အေးခဲပြုတ်သား ၁၅ တန်ခန့်ကို ချင်းရွှေဟော်နယ်စပ်မှ မတ်လ ၂၈ ရက်မှ ဧပြီလ    ၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။အေးခဲအမဲသားတန် ၁၈၀ ခန့် ယခင်အပတ်ကထက် အပို့လျော့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၂၆၂ သန်းတန်ဖိုးရှိ နွားကြော ၁၄၉ တန်ကျော်၊ ကျွဲနွားသားရေ ၁၆၆ တန်နဲ့ ကျွဲနွားကလီစာ ၂၁ တန်လည်း အပို့ရှိခဲ့ပါတယ်။MIRT(DOBT)