Main menu

Background

နယ်စပ်မှပြောင်းတန် ၅၀၀၀ ကျော် ယခုအပတ်မှာ တင်ပို့နိုင်

Mon, 04/09/2012 - 04:50 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၀၃၀ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒဿမ ၀၀၁၄ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၁၁ တန်ကျော်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၁၀၀ ကျော်အပို့လျော့ခဲ့တာတွေ့ရပါတယ်။ လယ်ယာထွက်ကုန် ပြောင်းနဲ့ ဆန်ဈေး အနည်းငယ်ကျနေတဲ့ အတွက် တင်ပို့မှုလျော့နည်းခဲ့ရတာလို့သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ ၄၃၉၃ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၁၉၂၀ ကျော်နဲ့ ကန်ပိုက်တီးမှ တန် ၁၈၁၀ တန်ကျော်တင်ပို့ခဲ့ပြီး ယခုအပတ်မှာတော့ မူဆယ်မှ တန် ၄၈၂၀ ကျော်နဲ့ ချင်းရွှေဟော်မှ ၂၀၉ တန်သာတင်ပို့နိုင်ခဲ့တာကြောင့်လည်း သိသိသာသာလျော့နည်းရတာဖြစ်ပါတယ်။ ယခုအပတ်နဲ့ယခင်ပတ်ပြောင်း ဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ မတ်လမှာ နယ်စပ်မှာ ပြောင်းဖူးစေ့ တန် ၃၄၅၄၀ တင်ပို့ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၆၃၁၀၀၀ ကျော်တင်ပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။            မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု         ယခင်     ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၆၆၆၀၂    ၂၆၈၁၄၁    ၁၅၃၉         ၀ .၆    ၃၂၉      ၃၃၂          ၃            ၁နှံစားပြောင်း    ၂၇၆၈၉၈    ၂၇၅၈၃၃       ၁၀၆၅        ၀ .၄    ၃၄၂      ၃၄၁          ၁          ၀ .၃MIRT (DOBT)