Main menu

Background

ဂျပန် ယန်းငွေတန်ဖိုး တက်ခြင်းကြောင့် တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းများ ကျဆင်း

Mon, 04/09/2012 - 04:55 -- Anonymous (not verified)

ဂျပန်ယန်းငွေတန်ဖိုးတက်ခြင်းကြောင့် တိုကျိုကြိုပွိုင့် ရောင်းဝယ် ရေးမှာ ဧပြီ ၃ ရက်အစောပိုင်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့တယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေနဲ့ ရောင်းလို အားကျဆင်းမယ့် အခြေ အနေတွေကို တွေ့ရှိနေရတယ်။တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ စက်တင်ဘာလ သင်္ဘောတင်မယ့် ရော်ဘာကြိုပွိုင့်ဈေးနှုန်းက  တစ်ကီလိုဂရမ်ကို သုည ဒသမ ၄ ယန်း ဈေးကျသွားကာ ၃၃၀ ဒသမ ၇ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၄၀၂၇ ဒသမ ၀၃) နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က သဘာဝဘေးအန္တရာယ် ကြောင့် ဂျပန်ရဲ့ ကားအရောင်းက အနိမ့်ဆုံးကို ရောက်ရှိခဲ့ပေမယ့်လည်း ၂၀၁၂ ခုနှစ် မတ်လမှာ ကားအရောင်း ခုန်တက်သွားခဲ့တယ်။ ဒါ့အပြင် တောင်ကိုရီးယား ဟွန်ဒိုင်းကားက နိုင်ငံရပ်ခြားမှာ အရောင်း သွက်နေပြီး ပြည်တွင်း မှာတော့ အရောင်းကျဆင်းနေတယ်။ မတ်လအတွက် ဘရာဇီးရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကလည်း သုံးလဆက်တိုက်တိုးချဲ့နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုးတက်နှုန်းမှာ အနှေးကွေးဆုံးဖြစ်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အများဆုံးနဲ့ တတိယအများဆုံး ထုတ်လုပ်သူ အသီး သီးဖြစ်တဲ့ထိုင်းနဲ့မလေးရှား တို့မှာ ရော်ဘာရောင်းလိုအား ကလည်း  ခြောက် သွေ့တဲ့ရာသီဖြစ်တာကြောင့် ရော်ဘာဈေးထုတ်လုပ်မှု   လျော့ကျမှာဖြစ် တယ်။ ခြောက်သွေ့တဲ့ရာသီဥတုက လအနည်းငယ်ကြာမြင့်ပြီး ဧပြီလ လယ်မှာ ပြီးဆုံးမှာဖြစ်တယ်။ အမေရိကန်ဒေါ်လာနဲ့ ဂျပန်ယန်းငွေလဲလှယ် ရာမှာ တစ်ဒေါ်လာကို ၈၂ ဒသမ ၁၂ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။အေးမွန်မွန်လှိုင်Source:rubbermarketnews.net