မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၈၆၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၇၀ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈ သန်းတန်ဖိုးရှိ ရော်ဘာတန် ၅၀ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် ၄၁၆ တန်ကျော် လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့ နိုင်မှုတွေကို ကြည့်မယ်ဆိုလျှင် မူဆယ်မှ R.S.S-3 တန် ၁၈၀ ကျော်၊R.S.S-2 ၅၁ တန်၊ MSR-20 ၁၃၆ တန်၊ MSR-50 ၇၅ တန်ခန့်နဲ့ ချင်းရွှေဟော်မှ R.S.S-3 တန် ၆၀၀ ခန့်၊ MSR-50 ၂၉ တန် ကျော်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးတင်ပို့ခဲ့ကြပါတယ်။ မတ်လမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၇၀၀၀ ကျော် တင်ပို့ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ ရော်ဘာ ၄၆၄၀၅ တန် တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါ ရော်ဘာဈေးများ အနည်းငယ်လျော့နည်းလျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ွRSS-3 ၂၉၄၄၀၀၀ ၃၀၇၂၀၀၀ ၁၂၈၀၀၀ ၄ ၃၆၈၀ ၃၈၄၀ ၁၆၀ ၄RS-5 ၂၈၁၆၀၀၀ ၂၉၄၄၀၀၀ ၁၂၈၀၀၀ ၅ ၃၅၂၀ ၃၆၈၀ ၁၆၀ ၅ MIRT (DOBT)
Background