Main menu

Background

ပါကစ္စတန်နိုင်ငံက သရက်သီးတင်ပို့မှု ရည်မှန်းချက်ထက် ကျော်လွန်တင်ပို့နိုင်မယ်

Mon, 04/09/2012 - 05:06 -- Anonymous (not verified)

    ရာသီဥတုကောင်းမွန်ခဲ့တာကြောင့် ယခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ သရက်သီးတင်ပို့မှုဟာ ရည်မှန်းချက်ထက် ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ အာဏာပိုင်များက ယခုနှစ် တင်ပို့ဖို့ တန်ချိန် ၁၄၀၀၀၀ လျာထားခဲ့ပြီး၊ စိုက်ပျိုးသူတွေ ယခုခန့်မှန်း တာတော့ ဒေသတွင်းမှာ တန်ချိန် ၁၆၅၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ သရက်သီး တင်ပို့မှု ဦးဆောင်ကုမ္ပဏီ Harvest  Trading မှ အမှုဆောင်အရာရှိ Ahmad  Jawad   ပြောတာတော့ ပန်ဂျပ်နဲ့ ဆင်းဒေသတွေမှာ သရက်သီးများစွာ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။မေလလယ်မှာ စီးပွားဖြစ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။ ပါကစ္စတန် သရက်သီးများကို ယခုနှစ်မှာ ရုရှားနဲ့ တရုတ်ကို စတင် တင်ပို့သွားမယ်လို့ဆိုပါတယ်။ အမေရိကန်ကိုတော့ ဒုတိယ နှစ်အနေနဲ့ တင်ပို့သွားမယ်လို့ဆိုပါတယ်။ ယခင်နှစ်က သရက်သီးများ အမေရိကန်ကိုပို့ခဲ့ခြင်းဟာ ပထမအကြိမ်ဖြစ်ပြီး စားသုံးသူတွေ တုံ့ပြန်မှု အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် သြစတြေးလျဈေးကွက်ကို လွဲချော်ခဲ့ခြင်းနဲ့ပတ်သက်လို့ စိုက်ပျိုးသူများ စိတ်ပျက် ခဲ့ကြတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ နိုင်ငံအတွင်း ပြည်ပတင်ပို့မှု စံနှုန်းများပြည့်မီအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိတဲ့အပေါ် အပြစ်တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဈေးကွက်သစ်များ ပွင့်လာခြင်းနဲ့ သရက်သီးများစွာရရှိခြင်းဆိုတဲ့ ရလဒ်ကောင်းများရှိပေမယ့် ယင်းဒေသမှာ သရက် စိုက်ဧရိယာ ထောင်ပေါင်းများစွာမှာ ရောဂါပိုးကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ဒေသတော်တော်များများကို ရှင်းလင်းဖို့ ကြိုးစားခဲ့ပြီး၊ ရောဂါပိုး မပျံ့နှံ့အောင်လည်း ကာကွယ်ခဲ့ပေမယ့် ယခုနှစ် အဲဒီဒေသမှာ သရက်သီး ထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျဖွယ်ရှိတယ်လို့ သိရပါတယ်။                                         ယမင်းခင် - Source:  brecorder.com