မြန်မာတို့၏ မြန်မာ့ရိုးရာသြင်္ကန်ပွဲ တော်ကာလ နီးကပ်လာမှုကြောင့် မြန်မာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာ ခဲ့ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ရွှေဈေးသည်လည်း ယခုတစ်ပတ်အတွင်း ဆက်တိုက်ကျ ဆင်းလာခဲ့သည့်အတွက် လည်း မြန်မာ့ရွှေဈေးမှာ ကျဆ င်းနေရခြင်းဖြစ်ကြောင်း သိရသည်။ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ဧပြီ ၂ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၃၈၀၀ ရှိခဲ့ရာမှ ဧပြီ ၃ရက်တွင် ကမ္ဘာ့ရွှေ ဈေးမြင့်တက်မှုကြောင့် ကျပ် ၇၂၆၀၀၀ သို့ မြင့်တက်လာခဲ့သည်။သို့သော် ဧပြီ ၄ရက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၀၀၀ ကျ ဆင်းခဲ့ကာ ကျပ် ၇၂၀၀၀၀ သာ ရှိခဲ့ သည်။ ဧပြီ ၅ရက် တွင် ဆက်တိုက်ကျ ဆင်းလာခဲ့ရာ ကျပ် ၇၁၉၀၀၀ ဖြစ်ခဲ့ သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီ ၂ ရက်က တစ်အောင်စလျှင် ၁၆၆၉ ဒေါ် လာရှိခဲ့ရာမှ ဧပြီ ၅ရက်တွင် ၁၆၂၃ ဒေါ်လာအထိ ကျဆင်းခဲ့ သည်။"အခုဒီရက်ထဲမှာ ကမ္ဘာ့ရွှေဈေးက လည်း ကျတဲ့အပိုင်းကို ရောက်လာတာ နဲ့ မြန်မာ့ရွှေဈေးကလည်း လိုက်ပြီးကျ လာတာ ပဲ၊ နောက်ပြီး ကျွန်တော်တို့ဆီ မှာက သြင်္ကန်ကရှိနေတော့ ရွှေဈေးက ဆက်တိုက်ကျနေတာပါ။ သြင်္ကန်ပြီးရင် တော့ပြန် တက်လိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ရွှေဈေးကျဆင်း နေရင်တော့ မြန်မာ့ရွှေဈေးက လိုက် ကျနေဦးမှာပဲ။ ၅၀၀၊ ၁၀၀၀ ကျတာမျိုး က ကိစ္စမရှိပေမယ့် ပြီးခဲ့တဲ့ရက် ဧပြီ ၃ ရက်နဲ့ ၄ ရက်တုန်းကလိုမျိုး တစ်ရက် အတွင်းမှာ ကျပ် ၆၀၀၀ လောက်ကျ သွားတယ်ဆိုရင်ပဲ ရွှေဝယ်ရောင်းလုပ် တဲ့သူတွေ နစ်နာကြတာပဲ။""နောက်တစ်ခုက ဒီရက်ထဲမှာ ရန် ကုန်မှာ နှစ်သိန်းတန်ဖုန်းတွေ ရောင်း ပေးနေတဲ့အတွက်လည်း ရွှေကရောင်း အား တက်လာတယ်။ ပြန်ရောင်းတဲ့ သူတွေများတဲ့အခါကျတော့ ရွှေဈေး က မထင်မှတ်ဘဲ ပြုတ်ကျလာတာပဲ"ဟု ရွှေကုန်သည်တစ်ဦးက မှတ်ချက်ပြုခဲ့ သည်။ မယ်သီတာ
Background