ရန်ကုန်မြို့ကားဈေးကွက်မှာ အပေါ်ကားများ ဈေးအေးနေပြီး အလယ် အလတ်ကားများနှင့် အောက်ကားများဖြစ်သော ၁၀၀ သိန်းဝန်းကျင် ကားများနှင့် အပ်ကားများသာ အရောင်းအဝယ်ရှိနေကြောင်း သိရသည်။သြင်္ကန်ချိန်ခါ နီးကပ်လာပြီဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ ရေပက်ခံ ကားများဖြစ်သည့် ပါပလေကာ/ဂျစ်စသည်များမှာ အပ်နှံကားစာရင်း ထဲပါဝင်မှု များသဖြင့် အပြင်သို့ သိပ်မရောက်ဘဲ အရောင်းဈေးကွက်နည်းကာ ကိုယ်တိုင် အပ်နှံပြီး ပြန်စီး ခွင့်တင်ထားသည့် ကားများသာရှိကြောင်း၊ ရောင်းကားမရှိသဖြင့် စက်မှုဇုန် တောင်းအေ့(စ်)များအငှားနှင့် အဝယ် ပြန်လိုက်ေ နကြောင်းသိရသည်။အပ်နှံကားဈေးကွက်တွင် ယခင်ဈေးထက် ၅ သိန်းခန့်ဖြင့်ဈေးခေါ်လာပြီး ယခုအပ်နှံနေသည့် 'န'အက္ခရာနှင့် 'ပ'အက္ခရာများ မှာ ရောင်းသူရှားနေကြောင်း၊ ဈေးမြှင့်ခေါ်သည့်ကားများမှာလည်း အရောင်းအဝယ်မဖြစ်ကြောင်း၊ 'ပ'အက္ခရာ ကုန်ပါက ယာဉ်အပ်နှံမှု ခေတ္တရပ်နားထားမည်ဆိုသည့်သတင်းကြောင့် အို/ဟောင်း ကားဈေးတက်ပြီး လက်ရှိရောက်နှင့်ပြီး ကားသစ် များ ဈေးတန်း တအိအိကျဆင်း နေကြောင်း သိရသည်။လတ်တလော ဝင်ရောက်နေသည့် ယာဉ်အို/ဟောင်းစီမံချက်မပါ တင်သွင်း လာသည့်ယာဉ်များမှာ မိုဒယ်မြင့်ခြင်း၊ ပုံစံဆန်း သစ်ခြင်းတို့ကြောင့် နောက်ပိုင်း ဝယ်ယူသူများ ကြိုက်နှစ်သက်လာကြကာ တစ်ဆင့်ဝယ်ယူစီးနင်းသူများလာသဖြင့် ယခင် မိုဒယ်နိမ့်၊ ပုံဟောင်းများ ဈေးနှုန်းကျဆင်းကာ အဝယ်နည်းသွားရခြင်း ဖြစ်နိုင်ကြောင်း အပေါ်ဝိုင်းဝါရင့်ဝယ်ရောင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ပြော သည်။ဌာနဆိုင်ရာသတင်းထုတ်ပြန်ချက်အရ ပြည်ပမှ တင်သွင်းရောက်ရှိ ယာဉ်စီး ရေမှာလည်း စီးရေ ၃၀၀၀၀ ကျော်ရောက် ရှိနေပြီး ဈေးကွက်တွင်း အတော်ပင် ပျံ့နှံ့နေပြီဖြစ်၍ ဈေးကွက်အေးလာခြင်းဖြစ်နေပြီး ယခင်ရောင်းမလောက်ဖြစ်ခဲ့သည့် ကာလက အများဆုံး ဝယ်လိုအားရှိသည့် နယ်ဝယ်လက်များ နည်းပါးသွားသဖြင့် ကားသစ်များ အရောင်းအဝယ်ဈေးကွက် တဖြည်းဖြည်း အေး လာရခြင်းဖြစ်ကြောင်း ပြောသည်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်သစ်များ အခွန်ကောက် ခံမှုအား အင်ဂျင်ပါဝါမူတည်ပြီး ပုံစံပြောင်းလဲကောက်ခံ လာသည့်အတွက် နောက် ပိုင်းကာလများတွင် ၁၅၀၀ စီစီ ၁၃၀၀ စီစီကားများ ဈေးကွက်နေရာ ယူလာနိုင်သလို လတ်တလော အင်ဂျင်ပါဝါအသေး ၂၀၀၇/၂၀၀၉ ခုနှစ်ထုတ် မိုဒယ်ဖြင့် ကားများ အား လူအများ ပြန်လည်စိတ်ဝင်စားမှု မြင့်တက် လာကြောင်းသိရသည်။ SN
Background