Main menu

Background

Light Truck ကားများကို ဝယ်ယူသူများတဲ့အပြင် သြင်္ကန်လည်ရန် ငှားရမ်းဖို့ စိတ်ဝင်စားသူများပြား

Mon, 04/09/2012 - 05:27 -- Anonymous (not verified)

ကားဈေးကွက်မှာ Light Truck   ကားများမှာ နေရာယူလျက်ရှိပြီး လူ ကြိုက်များ အရောင်းအဝယ်သွက်ခြင်း ကြောင့် ဈေးမကျဘဲ အမြင့်ဆုံးဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျတ်ရှိပါတယ်။ Light Truck   ကားများဟာ အရောင်းအဝယ်ဈေးကွက်မှာသာမက အငှားဈေးကွက်မှာလည်း  တွက်ခြေ ကိုက်တဲ့ကားဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့ လမ်း ၆၀ ကားဝိုင်းမှ ဝါရင့်   ကားဝယ်ရောင်းသူတစ်ဦးက "Light Truck  ကားက ဈေးကွက်မှာ တော့ အတည်ငြိမ်ဆုံးပဲ။ ကားသစ်တွေ က မော်ဒယ်လ်အသစ်အသစ်တွေ ဝင် လာပြီး ရှေ့ကဝင်လာတဲ့ကားက ဈေး နှုန်းကျလာတယ်။ Light Truck   ကား ကိုအပ်နှံမဲ့ကား(ယာဉ်အို၊ယာဉ်ဟောင်း) တွေနေရာမှာ အစားထိုးလာကြတယ်။ ကားဟောင်းတွေက ဟိုင်းလတ်၊ ဆန်နီ၊ ဒိုင်နာ၊ လေးဘီးစ တဲ့ လိုင်းကားတွေ နေရာမှာ   အစားထိုးလာကြတယ်။ ရတနာပုံတက္ကသိုလ်ဆိုလည်း ကျောင်း ပို့/ကျောင်းကြိုလုပ် ရတယ်။ ခုနောက်ပိုင်းမှာ ပြင်ဦးလွင်၊ လားရှိုး၊ မူဆယ် မြို့ထိပါ ကားဆွဲလာတာတွေ့ရတယ်။ ဘုရားဖူးခရီးထွက် တဲ့အခါ ငှားရမ်းမှု လည်းရှိတယ်။  ဒါကြောင့် Light Truck  ကားက ဈေးမကျဘူး။ သြင်္ကန် ရက်လည်းနီးလာတော့ သြင်္ကန်လည် ပတ်ဖို့ အငှားဈေးကွက်တစ်ခု ပေါ်လာ တယ်။ မြို့ပေါ်တင် သြင်္ကန်ကာလအစ၊ အဆုံးက ကျပ် ၄ သိန်းဝန်းကျင်ဈေး ရှိတယ်။ တစ်ရက်ကို ၈ သောင်း၊ ၁ သိန်းရှိတယ် ဈေးမကျဘူး။ မန္တလေးမှာ ဟိုးအရင်ကတည်းက  သြင်္ကန်ဆိုရင် ဂျစ်ကားနဲ့  လည်ပတ်နေကျဆိုတော့ ဂျစ်ကား ငှားရမ်းမှုလည်းများတော့ ဂျစ်ကားငှားတဲ့ဈေးက Light Truck ကားဈေးနဲ့မကွာဘူး"လို့ ပြောပါတယ်။    Light Truck  ကားဈေးနှုန်းမှာ ၉၆ M ၊ ဗမာခေါင်း၊ Body သန့် ကျပ်သိန်း ၁၄၀၊ ၁၄၅ ဝန်းကျင်၊ ၉၇ က ဇုန် ထုတ်ကားသန့် ကျပ်သိန်း ၁၇၀ ၊ ၁၇၅ ဝန်းကျင်ရှိပြီး၊ ဘယ်မောင်း ၂၀၀၀ ရန် ကုန်ဇုန်ထုတ်၊ လိုင်စင်မရသေးတဲ့ ကြို ပွိုင့်ယာဉ် ကျပ်သိန်း ၁၅၀ ရှိကြောင်း၊ ဂျစ်ကား (၈ဂ၊ ၈ဃ၊ ၈င) မှာ ကျပ် ၅၅-၆၀ သိန်းကြားဖြင့်   အရောင်း အဝယ်ရှိပြီး အပေါ်ကား (အိမ်စီးကား) များမှာ သြင်္ကန်ကာလနီးလို့ ဈေးကွက် အေးပြီး ဈေးလျှော့ရောင်းမှ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။       ဇူးဇူး