ရခိုင်ပြည်နယ်အနေနဲ့ စီးပွားရေးတိုးတက်ကောင်းမွန်ရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများ မြင့်မားတိုးတက် လာဖို့အတွက် အရည်အသွေးမြင့်မားတဲ့ ပြည်နယ်ထွက်ကုန်ပစ္စည်းများကို ပြည်နယ်တွင်းစားသုံးမှုထက် ပိုလျှံအောင်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန်၊ ကုန်ကြမ်းတင်ပု့ိမှုမှ တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ကြိုး ပမ်းကြရန်နဲ့ အသေးစား၊အလတ်စား ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန် မတ် ၃၁ ရက်က စစ်တွေမြို့ ရခိုင်ပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးမောင်တောစခန်းကို ၁၉၉၅ ခုနှစ် စက်တင်ဘာလနဲ့ စစ်တွေနယ်စပ်စခန်းကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလမှာ အသီးသီးဖွင့်လှစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်မှုကို စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တွေမြို့ဟာ နယ်စပ်မှာတည်ရှိတဲ့မြို့မဟုတ်ပေမယ့် ဒေသခံတိုင်းရင်းသားပြည်သူများ တရားဝင်နည်းမှန်လမ်းမှန်နဲ့ ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံအကျိုး၊ ပြည်နယ်အကျိုးရှေ့ရှုပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များ ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းအနေနဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ ကန် ဒေါ်လာ ၁၅ သန်းကျော်ဆောင် ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃ သန်း ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးအစီအမံများ၊ နိုင်ငံတော်မှလည်း ပု့ိကုန်အပေါ်ကောက်ခံသော ကုန်သွယ် လုပ်ငန်း ခွန်လျှော့ေ ပါ့ ပေးခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးထားပြီးဖြစ်ရာ ကုမ္ပဏီလုပ်ငန်းရှင်များ အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နဲ့ လုပ်ငန်းရှင်များအနေနဲ့ တရားမဝင်လမ်း ကြောင်းမှ ကုန်သွယ်မှုလုံး၀ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန် ဝန်ကြီးက မှာကြားခဲ့တယ်လို့လည်း သိရ ပါတယ်။ စစ်တွေနယ်စပ်ရဲ့ မတ်လအတွက် အများဆုံးပို့ကုန်များမှာ- ရေချိုငါး၊ ကမ်းခြေစီးဖိနပ်၊ မန် ကျည်းသီး (အစေ့ပါ)၊ဆီးသီးခြောက်၊ ငါးနီတူခြောက်၊ ဆီးယိုထုပ်၊ ငါးစုံလေးခြောက်၊ ရေငန်ပုစွန်၊ မန်ကျည်း စေ့၊ ငါးကုန်းညိုခြောက်၊ ဆီးဖတ်၊ ဝါးကြီး၊ ကွမ်းသီး၊ စမုံစပါးနဲ့ ကြိမ်တို့ဖြစ်ပြီး အများဆုံးသွင်းကုန်တွေ ကတော့ တီရှပ်၊ ဆံပင်နဲ့ ဒါန်ရေတကောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ KKCM
Background