မြန်မာ့ပို့ကုန်တင်ပို့သူများအနေဖြင့် ပုံမှန် တင်ပို့နေသည့် ပို့ကုန်အမယ်များဖြစ်သည့် ဆန် စပါး၊ ပဲမျိုးစုံ၊ပြောင်း၊ နှမ်း၊ ရော်ဘာ၊ သစ်တော ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ CMP နှင့် သတ္တု တွင်းထွက်ပစ္စည်းများအပြင် ပို့ကုန်အမယ်သစ်များ ကို ရှာဖွေတင်ပို့လျက်ရှိရာ ယခုအပတ်အတွင်း ကုမ္ပဏီ တစ်ခုမှ ဝက်သစ်ချ(အခွံမပါ) အမယ်သစ် နှစ်တန်အား ကိုရီးယားနိုင်ငံသို့ စမ်းသပ်တင်ပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင် ဝက်သစ်ချကို ရှမ်းပြည် နယ်အောင်ပန်းဒေသအနီးရှိ တောင်ပေါ်ကျေးရွာ များတွင် တွေ့ရှိရပြီး၊ သဘာဝအလျောက်ပေါက် ရောက်သော အပင်တစ်မျိုးဖြစ်ကြောင်း၊ ဝက်သစ် ချသီး၏ အသုံးဝင်ပုံကို သိရှိသူနည်းပါးပြီး အသီး၏ အာနိသင်အနေနဲ့ ဘေးထွက်ဆိုးကျိုးမရှိကြောင်း သိရှိရသည်။အဆိုပါ ကုမ္ပဏီအနေဖြင့် ဝက်သစ်ချသီး (အခွံမပါ)ကုန်ပစ္စည်းအား ထွက်ရှိရာဒေသများမှ တစ်ဆင့် တစ်ပိဿာလျှင် ၇၀၀ ကျပ်ဖြင့်ဝယ်ယူပြီး တစ်တန်လျှင် ၄၂၈၄၀၀ ကျပ် ကုန်ကျကြောင်း၊ ပို့ကုန်တင်ပို့ရန် လုပ်ငန်းစဉ်အတွက် ဆောင်ရွက်ရ သည့် ကုန်ကျစရိတ်များပေါင်းပါက အရင်းတစ် တန် တန်ဖိုး ၆၀၁၈၄၀ ကျပ်ဖြစ်ပါကြောင်း၊ ယခု လိုင်စင်လျှောက်ထားဈေးနှုန်း တစ်တန်လျှင် ၉၅၀ ဒေါ်လာဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် တစ် တန်တင်ပို့ခြင်းအပေါ် အမြတ်ငွေ ၁၇၂၄၁၀ ကျပ် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ယခုအချိန်တွင် အစိုးရအနေဖြင့် ကုန်သွယ် မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်ရေး အားပေးနေသည့်အချိန်တွင် ပြည်ပဝင်ငွေ တိုးပွားရှာဖွေနိုင်ရေး တစ်ဖက်တစ်လမ်းမှ ပြည်ပ ဈေးကွက်အကြိုက် ပို့ကုန်အမယ်သစ် များ စမ်းသပ် တင်ပို့ခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်ထုတ်လုပ်တင် ပို့ခြင်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီးပွား ရေး ဖွံ့ဖြိုး တိုးတက်မှုအပေါ် အထောက်အပံ့ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အခြားကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့်လည်း ယခုကဲ့သို့ ပို့ကုန် အမယ်သစ်ရှာဖွေထုတ်လုပ်တင်ပို့ခြင်းဖြင့် မိမိ အကျိုးနှင့် နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်သွားနိုင်ရေး သုံးသပ်ရေးသား လိုက်ပါသည်။ DOT EXP
Background