Main menu

Background

ရှမ်းပြည်နယ် တောင်ပိုင်းမှာ စီးပွားရေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်

Mon, 04/09/2012 - 05:44 -- Anonymous (not verified)

     ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှကြီးမှူးပြီး ညီနောင်အသင်းများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အနာဂတ်စီးပွားရေးပုံစံနဲ့ လိုက်လျောညီထွေစွာဖွံ့ဖြိုးတိုးတက်စေတဲ့ အတွေးအခေါ်များ၊ အကြံဉာဏ်များလုပ်ကိုင်ဖို့ လက်တွေ့ကျမယ့်နည်းလမ်းများ သိရှိရရှိစေဖို့ ရည်ရွယ်ပြီး ဒေါက်တာမတင်ဝင်း၊ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် (ဒုတိယပါမောက္ခချုပ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ PhD-1  Marketing  Management) ကို ဖိတ်ကြားလျက် စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကုန်သည်လုပ်ငန်းရှင်များမှာ ဘွဲ့ရများ၊ အထက်တန်း ၊ အလယ်တန်းအဆင့်များ ပါဝင်နေသဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ စာတွေ့သီအိုရီနည်းပါးတာကြောင့် ဟန်ချက်ညီစွာနဲ့ စီးပွားရေးပညာရပ်များ သိရှိနားလည်စေဖို့ ဟောပြောပွဲကျင်းပရ ခြင်းဖြစ်ကြောင်း သိရပါတယ်။စီးပွားရေးဆိုင်ရာဟောပြောပွဲမှာ ဒေါက်တာမတင်ဝင်းမှ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဆောင်ရွက်ရာမှာ အဓိကဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုများ၊ စီမံကိန်းရေးဆွဲ နည်းများ၊ ဖွဲ့စည်းမှုပုံသဏ္ဍန်များ၊ တက်တက်ကြွကြွ ပါဝင်အကောင်အထည်ဖော်   ဆောင်ရွက်ချက်များအား ကဏ္ဍအလိုက် ဟောပြောပို့ချဖို့  စီးပွားရေးအောင်မြင်နေတဲ့ နိုင်ငံများရဲ့ ဆောင်ရွက်လုပ်ကိုင်နေမှုများကို နမူနာပြ ဟောပြောပို့ချခဲ့ပါတယ်။ဟောပြောပွဲကို ဧပြီ ၂ ရက်မှ ၃ ရက်အထိဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ပြည်နယ်မန်နေဂျာ ဦးအောင်မောင်းမှ အမှာစကားပြောကြားပြီး ကုန်သည်၊ စက်မှုအသင်းနဲ့ ညီနောင်အသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ၇၀ ဦး တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကုန်သည်လုပ်ငန်းရှင် များအနေနဲ့ စီးပွားရေးဆိုင်ရာ သီအိုရီများ သိရှိနားလည်ခဲ့ပြီး၊ သီအိုရီမရှိဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရင် အောင်မြင်မှုနည်းခြင်း၊ သီအိုရီရှိသော်လည်း လက်တွေ့ဆောင်ရွက်မှုမပါရင် အောင်မြင်မှုမရှိနိုင်ကြောင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။                                                        အောင်ကျော်