Main menu

Background

မနှစ်ကနဲ့ ဒီနှစ် ထန်းလျက် ဈေးကွက်

Mon, 04/09/2012 - 05:55 -- Anonymous (not verified)

        ဒီရာသီက ထန်းဖိုရာသီပါ။ ထန်းဖို ထန်းလျက်တွေ မတ်လကစပြီး ဇွန်လ ဆန်းထိ ထွက်ပေါ်နေပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ထန်းလျက်တစ်ပိဿာကို ၆၅၀ ကျပ်မှ ၇၀၀ ကျပ် ဈေးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၄၀၀ ကျပ်နဲ့ ၄၅၀ ကျပ် အတွင်းမှာပဲ ရှိပါတယ်။ ဈေးကွက်မှာ ဝယ်လိုအား လျော့ နေတယ်လို့  လေ့လာသိရှိရပါတယ်။ ကျေးလက်တောရွာဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူမင်္ဂလာပွဲတွေ မှာ  ထန်းလျက် အခြေခံတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံလုပ်မဲ့ အစား တရုတ်၊ ထိုင်း အစရှိတာတွေက နေဝင်လာတဲ့ အထုပ်လှလှနဲ့ ကြွပ်ကြွပ် ရွရွနဲ့မုန့်မျိုးစုံတွေ ကော်ဖီမစ်နဲ့ ဧည့်ခံနေ ကြပါပြီ။ ထန်းလျက်ကိုချက်တဲ့ ပေါင်းခံ ရေကိုစောင့်ပြီးသောက်မဲ့အစား ဘီယာ ပုလင်းဘူးများ၊ ဝီစကီပုလင်းများ တော ရွာအနှံ့ ပျံ့နှံ့သောက်သုံးနေကြပါပြီ။ ဒီလိုအဘက်ဘက်က ထန်းလျက်ကုန် ကြမ်းအသုံးပြုမှု လျော့နည်းလာလို့ ဝယ် လိုအား လျော့ခြင်းလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ရမိပါတယ်။ မောင်မောင်အေး