Main menu

Background

စတော်ဘယ်ရီ ဈေးကွက်ကောင်းလို့ စိုက်ပျိုးသူများလာ

Mon, 04/09/2012 - 05:58 -- Anonymous (not verified)

ကယားပြည်နယ်၊  လွိုင်ကော်မြို့ ပေါ်ရပ်ကွက်နဲ့  ဆင်ခြေဖုံးကျေးရွာ များမှာ စတော်ဘယ်ရီ စိုက်ပျိုးသူများ လာကြောင်းသိရပါတယ်။ စတော်ဘယ် ရီဈေးကွက်မှာ  စတင်ထွက်ရှိချိန်က တစ်ပိဿာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးရှိပြီး  လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ် ဈေးသာရှိတာကြောင့်   ဒေသထွက် ရာသီစာအဖြစ်  စားသုံးမှု  များလာ ကြောင်း သိရပါတယ်။လွိုင်ကော်မြို့ ဒေါတမရပ်ကွက်မှာ စတော်ဘယ်ရီကို ၁၀ နှစ် ဆက်တိုက် စိုက်ခဲ့သူ ဦးအောင်ဖေသိန်းက "စတော် ဘယ်ရီစိုက်တာ မြေနေရာ အများကြီး ရှိမှမဟုတ်ပါဘူး။ ၄၀ ပေ× ၄ ပေ ဘောင်တစ်ဘောင်စာရှိရင် ကိုစိုက်လို့ ရတယ်။ လေးငါးသောင်း ဝင်ငွေရနိုင် တယ်။ ကုန်ကျစရိတ် ၁၂၀၀၀ ကျပ် လောက်ပဲရှိတယ်။ ၂၀၀၇ ခုနှစ်လောက် အထိ လွိုင်ကော်မှာ စတော်ဘယ်ရီစိုက် သူ ၄၊ ၅ ဦးလောက်ပဲရှိပြီး စုစုပေါင်းမှ ဧကဝက်လောက်ပဲ ရှိတာပါ။ အခု ၁၀ ဧကလောက်ရှိတယ်။ တွက်ခြေကိုက်လို့ စိုက်တဲ့သူများလာသလို စားသုံးသူလဲ များလာတယ်"လို့ ပြောပါတယ်။စတော်ဘယ်ရီကို စက်တင်ဘာ၊ အောက်တိုဘာမှာစိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ အနည်းငယ်သာ ထွက် ရှိပြီး မတ်၊ ဧပြီလတွေမှာ လှိုင်လှိုင် ထွက်ရှိပါတယ်။ ကယားပြည်နယ်က ထွက်တဲ့ စတော်ဘယ်ရီသီးကို ဒေသ တွင်းစားသုံးမှုသာမကဘဲ  တစ်ပတ်ကို ၂ ရက်ပြေးဆွဲတဲ့ လွိုင်ကော်-ရန်ကုန် ခရီးစဉ်ဖြင့်လိုက်ပါသူ  ခရီးသွားများ ကလည်း ဝယ်ယူသယ်ဆောင်သွားမှုရှိ ကြောင်း သိရပါတယ်။ မင်းအောင်ကယားပြည်နယ်၊  လွိုင်ကော်မြို့ ပေါ်ရပ်ကွက်နဲ့  ဆင်ခြေဖုံးကျေးရွာ များမှာ စတော်ဘယ်ရီ စိုက်ပျိုးသူများ လာကြောင်းသိရပါတယ်။ စတော်ဘယ် ရီဈေးကွက်မှာ  စတင်ထွက်ရှိချိန်က တစ်ပိဿာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးရှိပြီး  လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ် ဈေးသာရှိတာကြောင့်   ဒေသထွက် ရာသီစာအဖြစ်  စားသုံးမှု  များလာ ကြောင်း သိရပါတယ်။လွိုင်ကော်မြို့ ဒေါတမရပ်ကွက်မှာ စတော်ဘယ်ရီကို ၁၀ နှစ် ဆက်တိုက် စိုက်ခဲ့သူ ဦးအောင်ဖေသိန်းက "စတော် ဘယ်ရီစိုက်တာ မြေနေရာ အများကြီး ရှိမှမဟုတ်ပါဘူး။ ၄၀ ပေ× ၄ ပေ ဘောင်တစ်ဘောင်စာရှိရင် ကိုစိုက်လို့ ရတယ်။ လေးငါးသောင်း ဝင်ငွေရနိုင် တယ်။ ကုန်ကျစရိတ် ၁၂၀၀၀ ကျပ် လောက်ပဲရှိတယ်။ ၂၀၀၇ ခုနှစ်လောက် အထိ လွိုင်ကော်မှာ စတော်ဘယ်ရီစိုက် သူ ၄၊ ၅ ဦးလောက်ပဲရှိပြီး စုစုပေါင်းမှ ဧကဝက်လောက်ပဲ ရှိတာပါ။ အခု ၁၀ ဧကလောက်ရှိတယ်။ တွက်ခြေကိုက်လို့ စိုက်တဲ့သူများလာသလို စားသုံးသူလဲ များလာတယ်"လို့ ပြောပါတယ်။စတော်ဘယ်ရီကို စက်တင်ဘာ၊ အောက်တိုဘာမှာစိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ အနည်းငယ်သာ ထွက် ရှိပြီး မတ်၊ ဧပြီလတွေမှာ လှိုင်လှိုင် ထွက်ရှိပါတယ်။ ကယားပြည်နယ်က ထွက်တဲ့ စတော်ဘယ်ရီသီးကို ဒေသ တွင်းစားသုံးမှုသာမကဘဲ  တစ်ပတ်ကို ၂ ရက်ပြေးဆွဲတဲ့ လွိုင်ကော်-ရန်ကုန် ခရီးစဉ်ဖြင့်လိုက်ပါသူ  ခရီးသွားများ ကလည်း ဝယ်ယူသယ်ဆောင်သွားမှုရှိ ကြောင်း သိရပါတယ်။ မင်းအောင်