Main menu

Background

မဘိမ်းမြို့နယ်ရဲ့ သက်ငယ်လုပ်ငန်း

Mon, 04/09/2012 - 06:02 -- Anonymous (not verified)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက် မဲခရိုင်၊ မဘိမ်းမြို့နယ်အတွင်းမှာ သက် ငယ်များ အရောင်းအဝယ်ဖြစ်နေကြပါ တယ်။ သက်ငယ်များဟာ  တောထဲမှာ သဘာဝအလျှောက်  ပေါက်ရောက်တဲ့ အပင်များဖြစ်ပါတယ်။ ကျေးရွာတိုင်းမှ သက်ငယ်ပင်များ  ပေါက်ရောက်တာ တွေ့ရှိရပေမယ့် ခိုတာကျေးရွာအုပ်စု၊ ပြင်လဟာကျေးရွာမှာတော့ အများဆုံး ပေါက်ရောက်တာဖြစ်တဲ့အတွက် တစ် ရွာလုံးနီးပါး   သက်ငယ်လုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပါတယ်။ သက်ငယ်များကို နှစ်စဉ် ဖေဖော်ဝါရီ လနဲ့ မတ်လမှာ အိမ်တိုင်း သက်ငယ် ရိတ်ကြပြီး၊ တခြားကျေးရွာများကို ဖြန့် ဖြူးရောင်းချကြကြောင်း သိရှိရပါတယ်။ သက်ငယ်ကိုကြိုတင်ဝယ်ယူပါက သက် ငယ်စိမ်း ၁၀၀ ပြစ်ကို ၅၀၀၀ ကျပ်ဈေး ရှိပြီး၊ ယခုပေါ်စ ဖေဖော်ဝါရီ၊ မတ်လ မှာတော့ ၁၀၀၀၀ ကျပ် ဈေးရောင်းရ ကြောင်းနဲ့ တစ်ဆင့်ခံ ပြန်ရောင်းသူများ က ၁၃၀၀၀ ကျပ်ရှိကြောင်း၊ မိုးတွင်း ရောက်ပါက ၁၈၀၀၀ ကျပ် - ၂၀၀၀၀ ကျပ်ထိ ဈေးကောင်းကြောင်း သိရှိရပါ တယ်။ သက်ငယ်လုပ်ငန်းကို လူကြီး၊ လူငယ်မရွေးလုပ်ကိုင်နိုင်ပြီး၊ နံနက်စာ စားပြီးတာနဲ့ တစ်ပြိုင်နက် ညနေအထိ ထိုင်ပြီး သက်ငယ်ပြစ်ပါက  ပုံမှန် ၁ ရက်ကို ၄၀ ပြစ်ပြီးကြောင်း သိရပါ တယ်။ သက်ငယ်များကို ကိုယ်တိုင်ရိတ်၊ ကိုယ်တိုင်ပြစ်ပြီး  ရောင်းတဲ့အတွက် အရင်းအနှီးမကုန်ဘဲ  ဝင်ငွေများစွာ ရရှိ ပါတယ်။ဒါကြောင့် မဘိမ်းမြို့နယ် ပြင်လ ဟာကျေးရွာမှ သက်ငယ်လုပ်ငန်းထုတ် ကုန်တစ်မျိုး ထုတ်လုပ်နိုင်တဲ့အတွက် မိသားစု ဝင်ငွေတိုးစေတဲ့အပြင် ကျေး လက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုလည်း အထောက်အကူ ပြုရာဖြစ်တဲ့ အိမ်တွင်းမှုလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ ခင်မာကြည်- TPIS  မဘိမ်း