Main menu

Background

သဘာဝရော်ဘာဝယ်လိုအားက ရောင်းလိုအားကို ကျော်လွန်ဖွယ်ရှိ

Mon, 04/09/2012 - 04:59 -- Anonymous (not verified)

    ၂၀၁၂ ဇန်နဝါရီမှမတ်အထိ ပထမသုံးလပတ်မှာ သဘာဝရော်ဘာဝယ်လိုအား ၃ ဒဿမ ၁ ရာခိုင်နှုန်း ခန့် မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်တစ်နှစ်လုံးမှာအိန္ဒိယရဲ့သုံးစွဲမှုက ၄ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီးယခင်နှစ်က ၁ ဒဿမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC  ကပြောကြားခဲ့ပါတယ်။ ထရပ်ကားနဲ့ဘတ်စ်ကားတာယာ ထုတ်လုပ်မှုကတော့ ဇန်နဝါရီ လမှာ ယခင်နှစ်အလားတူကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း  ATMA  ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါပေမယ့် ခရီးသည် တင်ကားနဲ့ အသေးစားစီးပွားရေး လုပ်ငန်းသုံးကားထုတ်လုပ်မှုကတော့ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းနဲ့ ၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ရဲ့ရော်ဘာထုတ်လုပ်မှုကတော့ ၂၀၁၂ မှာ ၄ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ပြီး ANRPC  အဖွဲ့ဝင် နိုင်ငံများရဲ့ ယခုနှစ်အတွင်း ထုတ်လုပ်မှုကတော့ နှေးကွေးနေပြီး ဇန်နဝါရီလမှာ ၁၂ ဒဿမ ၈ ရာခိုင်နှုန်း အထိကျဆင်း ခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့လမ်းကြောင်း    ရော်ဘာဈေးနှုန်းတွေတက်နေပေမယ့်လည်း ဇန်နဝါရီလမှာတော့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား မှာထုတ်လုပ်မှု ကျဆင်း နေကြောင်းသိရပါတယ်။ ဒါပေမယ့်အိန္ဒိယနဲ့ ဗီယက်နမ်မှာတော့ ထုတ်လုပ်မှုမြင့်တက် နေပါတယ်။ မလေးရှားမှာအချိန်အခါ မဟုတ်ရွာသွန်းတဲ့မိုးကြောင့် ဖေဖော်ဝါရီလလယ်ကစပြီး အစေးထုတ်လုပ်မှု ကိုထိခိုက်စေခဲ့တယ်လို့သိရပါတယ်။    တရုတ်နိုင်ငံရဲ့ အဓိကရော်ဘာထုတ်လုပ်တဲ့နေရာဖြစ်တဲ့ ဟိုင်နန်ဒေသမှာ မတ်လအတွင်းသာမန်ထက် ပိုတဲ့ မိုးရွာသွန်းမှုက အပင်တွေကိုမှိုရောဂါတွေစွဲကပ်စေတယ်လို့ ANRPC က ပြောကြားခဲ့ပါတယ်။ ယခုနှစ် ပထမသုံးလပတ်အကုန်မှာ ANRPC ရဲ့ ရောင်းလိုအားက ၅ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါတယ်။ အလားတူစွာပဲ ၂၀၁၂ မှာရောင်းလိုအားကျဆင်းပြီး တန်ချိန် ၁၀ ဒဿမ ၄၂ သန်းကို ကျဆင်းခဲ့ပါတယ်။ ယခင်နှစ် ၂၀၁၁ မှာတော့ ရောင်းလိုအားတန်ချိန် ၁၀ ဒဿမ ၃၀၅ သန်းရှိခဲ့ကြောင်း သိရပါတယ်။                                  Source : The Hinds Business Line,KZW