Main menu

Background

လစာပေးရာတွင် ဟွန်ဒိုင်း မော်တာကုမ္ပဏီက နံပါတ် ၁ အဆင့်ရှိ

Mon, 04/09/2012 - 10:02 -- Anonymous (not verified)

    ဟွန်ဒိုင်းမော်တာ     ကုမ္ပဏီက ဆမ်ဆောင်း အီလက်ထရွန်းနစ်ကို ကျော်လွန်ပြီး တောင်ကိုရီးယားမှာ လစာ အများဆုံးပေးတဲ့ ကုမ္ပဏီဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်က ဟွန်ဒိုင်းက ပေး ခဲ့တဲ့ ဝန်ထမ်းတစ်ဦး တစ်နှစ်ပျမ်းမျှ လစာ ဝမ် ၈၉ သန်း(၁ဒေါ်လာ= ၁၁၃၃ ဝမ်) ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဆမ်းဆောင်း အီလက်ထရွန်းနစ်က  ထိပ်ဆုံးအဆင့်မှာရှိပြီး တစ်နှစ်ပျမ်းမျှ လစာ ၈၆ ဒသမ ၄ သန်း၊ ကီးယား မော်တာက ဝမ် ၈၂ သန်းနဲ့ ဟွန်ဒိုင်းက ဝမ်သန်း ၈၀ ပေးခဲ့ပါတယ်။  ဒါပေမဲ့ ၂၀၁၁ ခုနှစ်က အမှုဆောင်အရာရှိချုပ် တစ်ဦးရဲ့ တစ်နှစ် ပျမ်းမျှဝင်ငွေက ဝမ် ၁၀ ဒသမ ၉ ဘီလီယံရှိပြီး  ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်ပါတယ်။    ယခုလို  အဆင့်သတ်မှတ်ချက်ကို Chosun Ilbo   က တွက်ချက် သတ် မှတ်တာဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံ အတွင်းမှာရှိတဲ့ ကုမ္ပဏီကြီး ၂၀ က ဘဏ္ဍာရေး ကြီးကြပ်မှုအဖွဲ့ကို တင် သွင်းတဲ့ ကိန်းဂဏန်းတွေကို  အခြေခံ တွက်ချက်တာ ဖြစ်ပါတယ်။  ရရှိတဲ့ အကျိုးအမြတ်တွေက လစာတွေမှာ ထင်ဟပ် ဖော်ပြနေတဲ့အတွက် ဟွန်ဒိုင်း ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ဒုတိယနဲ့  တတိယနေရာမှာ   ရှိနေပါ တယ်။  ကီးယားကုမ္ပဏီက  ပျမ်းမျှ တစ်နှစ် လစာ ဝမ် ၈၄ သန်းနဲ့ ဒုတိယ ရရှိပြီး ဟွန်ဒိုင်းမိုဘစ်က ဝမ် ၈၃ သန်းနဲ့ တတိယနေရာက လိုက်နေပါတယ်။ ကမ္ဘာသင်္ဘောဆောက်လုပ်ရေးလုပ်ငန်းမှာ အကြီးဆုံးကုမ္ပဏီကြီးဖြစ်တဲ့ ဟဲဗီအင် ဒပ်စထရီက လစာ ဝမ် ၇၈ ဒသမ ၃ သန်းနဲ့ စတုတ္ထနေရာမှာ  လိုက်နေပါ တယ်။ ဆမ်ဆောင်းက ဝမ် ၇၇ ဒသမ ၆ သန်းနဲ့ ပဉ္စမနဲ့  အင်တာနီ ပိုတယ် အော်ပရေတာ NH က ဝမ် ၇၄ ဒသမ ၀၅ သန်းနဲ့ နောက်ကလိုက်နေပါ တယ်။       Source.chosun.com