Main menu

Background

လုပ်ခ မြင့်တက်မှုကြောင့် ထိုင်းလုပ်ငန်းများက ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းဖို့ စီစဉ်

Mon, 04/09/2012 - 10:04 -- Anonymous (not verified)

    ဧပြီ ၁ ရက်စပြီး ပြည်နယ်ခုနစ်ခုမှာ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို စတင်ကျင့်သုံးခဲ့တဲ့အတွက် ကုမ္ပဏီတွေက အိမ်နီးချင်းနိုင်ငံများသို့ ထုတ်လုပ် ရေးလုပ်ငန်းများကို ရွှေ့ပြောင်းဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ရက် လုပ်ခ ဘတ် ၁၀၀ လောက်သာ ကုန်ကျမှုညီမျှတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကို ရွှေ့ဖို့ ထိုင်းစားသုံးကုန်ပစ္စည်းထုတ်လုပ်သူ ဆာဟာပါသာနုပီဘူး ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရဲ့ လုပ်ခမူဝါဒကြောင့် သူ့လုပ်ငန်းကို မြန်မာနိုင်ငံမှာ လုပ်ငန်းသစ်ထူထောင်ဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ကုမ္ပဏီဥက္ကဋ္ဌဘွန်ချိုင်းချွတ် ကွာတာနာက ပြောပါတယ်။ ကုမ္ပဏီတွင် လုပ်သားတစ်သိန်းရှိပြီး အများစုကို နေ့တွက် လုပ်ခဘတ် ၃၀၀ ပေးရမှာဖြစ်ပါတယ်။ လုပ်ငန်းတွေကိုလာမဲ့နှစ်ဦးမှာ စတင်ဖို့အသင့်ဖြစ်နေပြီလို့ ဘွန်ချိုင်းကပြောပါတယ်။    အထည်ချုပ်၊ အစားအစာ၊ ပရိဘောဂ၊ အီလက်ထရွန်းနစ်၊ သားရေနှင့် စားသုံးကုန်တွေလို လုပ်အားကို အားသွန်အသုံးပြုရတဲ့ စက်မှုလုပ်ငန်းများ ကို မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့သို့  ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း HiTech  Apparel Group    ဥက္ကဋ္ဌ  ဗားလော့ဗီတာနာကွန်က ပြောပါတယ်။    ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေက တခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို မသိကြပါဘူး။ အစိုးရကလည်း အသေးစိတ် သတင်းအချက်အလက်တွေကို မပေးဘူးလို့ ထိုင်းအထည်ချုပ်လုပ်ငန်းအသင်း ၏ ဂုဏ်ထူးဆောင်အကြံပေးလည်းဖြစ်သူ မစ္စတာဗားလော့က ပြောပါတယ်။ နေ့စဉ်လုပ်ခ ဘတ် ၃၀၀ မတတ်နိုင်တဲ့ စီးပွားလုပ်ငန်းတွေက အိမ်နီးချင်းနိုင်ငံ တွေဘက်ကို ပြောင်းရွှေ့သင့်တယ်လို့ ပြန်လည်တည်ဆောက်ရေးနဲ့ အနာဂတ် ဖွံ့ဖြိုးမှုမဟာဗျူဟာကော်မတီဥက္ကဋ္ဌက ပြောပါတယ်။    သူတို့ရဲ့ ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းတွေကို ပြောင်းရွှေ့လိုသူတွေကို အစိုးရကအကူအညီတွေ ဝမ်းသာအားရပေးလိမ့်မယ်လို့ သူကပြောပါတယ်။    ဘဏ်တွေက အသေးစားအလတ်စား  စီးပွားရေးလုပ်ငန်း (SME)  တွေအတွက် ချေးငွေတွေ ပိုပေးသင့်ကြောင်း၊ ထိုင်းပို့ကုန်သွင်းကုန်ဘဏ်က ဖောက်သည်ဖြစ်ပြီးသား  စီးပွားရေး လုပ်ငန်းကြီးတွေသာ ချေးလိုကြတာကို ရည်ညွှန်းပြီး သူက ပြောပါတယ်။ နေရာတွေရွှေ့ပြောင်းသွားတာနဲ့ အတူတွဲ ဖြစ်လာနိုင်တာက အလုပ်အကိုင်ဆုံးရှုံးမှုတွေဖြစ်တယ်လို့ ဗားလော့က ပြောပါ တယ်။                                                             Source.bangkokpost.com