Main menu

Background

မလေးရှားကုမ္ပဏီတွေက ပို့ကုန်ဈေးကွက်ကို ပိုမိုဖြန့်ကြက်

Mon, 04/09/2012 - 10:05 -- Anonymous (not verified)

    ယခုနှစ်အတွက် မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ထိန်းသိမ်းထား နိုင်ဖို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် မလေးရှားနိုင်ငံရဲ့ ပို့ကုန်ဈေးကွက်တွေ ကို အမျိုးမျိုး ပိုမိုဖြန့်ကြက်ဖို့ လိုအပ် လျက်ရှိပြီး သမားရိုကျ ဈေးကွက်တွေ ကို မှီခိုမှုမပြုဖို့ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုနဲ့ စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး ဒါတွတ်မူခရစ်မဟာ သီယာက ပြောပါ တယ်။    အမေရိကန်ပြည်ထောင်စု၊ ယူရို ဇုန်နဲ့  အရှေ့အာရှတချို့ဒေသတွေမှာ အကျပ်အတည်းတွေဖြစ်နေတဲ့အတွက် ဝန်ကြီးဌာနက  အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသ ( MENA) မှာ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းတွေကို တိုး မြှင့်ဖို့လိုတယ်လို့ သူကပြောပါတယ်။    အာရပ်စော်ဘွားများ ပြည်ထောင် စုက ရင်းဂစ် ၁၂ ဒသမ ၈၆ ဘီလီယံဖိုး တင်သွင်းကာ  ရှေ့ဆုံးက ပြေးနေပြီး ဆော်ဒီအာရေးဘီးယား  (ရင်းဂစ် ၃ ဒသမ ၉၇ ဘီလီယံ) နဲ့ အီရန် (ရင်းဂစ် ၃ ဒသမ ၂၁ ဘီလီယံ) တို့က နောက် က  လိုက်နေတဲ့အတွက်  ဒီဒေသက အလားအလာကောင်းတွေရှိနေကြောင်း ပို့ကုန်အလားအလာနဲ့  ပတ်သက်ပြီး မူခါရစ်က ပြောပါတယ်။    Jebel  Ali  Port   ပင်လယ် ဆိပ်ကမ်းနဲ့  AL  Maktoun  International  လေဆိပ်တို့ကြားမှာရှိတဲ့ JAFZA  ဒေသက ကမ္ဘာပေါ်မှာတစ်ခု တည်းသော လွတ်လပ်ဇုန်ဖြစ်ပါတယ်။ ယခုအချိန်ထိ ဒူဘိုင်းမှာ JAFZA  အရ လုပ်ငန်းတွေဆောင်ရွက်နေတဲ့မလေးရှား ကုမ္ပဏီ ၁၅ ခုရှိတယ်လို့  JAFZA ရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ် အီဘ ရာဟင်အယ်လ်ဂျာနာဟီက  ပြောပါ တယ်။ ပို့ကုန်တွေထဲမှာ စွမ်းအားဖြည့် အချိုရည်လုပ်ငန်းဖြစ်တဲ့ Power  Root   နဲ့ ဆောက်လုပ်ရေးနဲ့  အင်ဂျင်နီယာ လုပ်ငန်း Rainhill  တို့လိုလုပ်ငန်းတွေ ပါဝင်ပါတယ်။Source.koreaherald.com