Main menu

Background

တရုတ် မင်မိုရီချစ်ပ်စက်ရုံအတွက် ဆမ်ဆောင်းက ရင်းနှီးမြှုပ်နှံ

Mon, 04/09/2012 - 10:06 -- Anonymous (not verified)

    တရုတ်နိုင်ငံမှာ ပထမဆုံး ချစ်ပ်စက်ရုံတည်ဆောက်ဖို့ အတွက်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမဲ့ စီမံကိန်းကို ကမ္ဘာ့ ချစ်ပ်ထုတ်လုပ်မှု  အကြီးမားဆုံးဖြစ်တဲ့ ဆမ်ဆောင်းအီလက် ထရွန်းနစ်က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဆမ်ဆောင်းက ဒီစက်ရုံမှာ ကနဦး  ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး စမတ်ဖုန်း၊ တဲဘလက်နဲ့ အမ်ပီသရီး ပလေယာတွေအတွက် ချစ်ပ်တွေကို ထုတ်လုပ် မှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကိုလည်း တစ်စစတိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အလားအလာကောင်းတဲ့ တရုတ်ဈေး ကွက်ကို ဆုပ်ကိုင်နိုင်ဖို့ နည်းလမ်းရှာဖွေနေပါတယ်။ ဒါပေမဲ့ နည်းပညာတွေပေါက်ကြားမှာကိုလည်း ပူပန်နေပါတယ်။    ယခုနှစ်ဦးပိုင်းမှာ စက်ရုံတည်ဆောက်ဖို့အတွက် အစိုးရ ရဲ့အတည်ပြုချက်ကို ဆမ်ဆောင်းက ရရှိထားပြီးဖြစ်ပါတယ်။ စက်ရုံအသစ်က ဖောက်သည်ဆီကလျင်မြန်စွာကြီးထွားနေတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာဖြစ် ပြီး မင်မိုရီလုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆမ်ဆောင်းက ဘီဘီစီကိုပြောပါတယ်။ စက်ရုံကို ၂၀၁၃ ခုနှစ်မှာစတင် လည်ပတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။    လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံက အီလက် ထရွန်းနစ် လူသုံးကုန်တွေအတွက် ဦးဆောင် ထုတ်လုပ်ရာ အချက်အချာဒေသ တစ်ခု ဖြစ်လာပါတယ်။    ကမ္ဘာ့ရှေ့ဆောင်အမှတ်တံဆိပ်တွေရဲ့ စမတ်ဖုန်းတွေနဲ့ တဲဘလက်ပီစီတွေမှာသုံးဖို့ စက်ကိရိယာ အစိတ် အပိုင်းတွေ ကို ဖေါက်စကွန်လို ကန်ထရိုက်လုပ်ငန်းတွေက ထုတ်လုပ်ပေး လျက်ရှိပါတယ်။ ဒီထုတ်ကုန်အတော်များများကို ဆမ်ဆောင်း က ပြုလုပ်တဲ့ မင်မိုရီချစ်ပ်တွေမှာ သုံးပါတယ်။Source.bbc.co.uk