Main menu

Background

ယွမ်အခန်းကဏ္ဍ မြှင့်တင်ဖို့အတွက် တရုတ်ကပိုမိုလွတ်လပ်တဲ့ ဘဏ္ဍာရေးဈေးကွက်ကို ရှေ့ရှု

Mon, 04/09/2012 - 10:21 -- Anonymous (not verified)

    ကမ္ဘာပေါ်မှာစီးပွားရေးအရ ဒုတိယအကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးမြှင့်ဖို့ နည်းလမ်းရှာဖွေလျက်ရှိပါတယ်။ တရုတ်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာရန်ပုံ ငွေအဖွဲ့ မန်နေဂျာတွေရဲ့ရင်းနှီးမြှုပ်နှံမှုကို သုံးဆတိုးမြှင့်ပြီး ဒေါ်လာဘီလီယံ ၈၀ အထိ တိုးမြှင့်ဖို့ ဧပြီ ၃ ရက်က ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံပိုင်ဘဏ်တွေရဲ့ လက်ဝါး ကြီးအုပ်မှုကို ဖျက်သိမ်းဖို့လိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တရုတ်အမျိုးသားရေဒီယိုကတစ်ဆင့် ကြေညာခဲ့ပါတယ်။    ယခုဆောင်ရွက်မှုက ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်တဲ့အပြင် တရုတ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာသုံးအဖြစ် ပိုမိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာ ရေး ဈေးကွက်တွေကို ဖွင့်ပေးတာက ကမ္ဘာ့အရန်ငွေ ကြေးအဖြစ် ဒေါ်လာ နေရာ မှာ အပြောင်းအလဲတစ်ခုအဖြစ် ယွမ်ကနေရာဝင်ယူနိုင်အောင် တရုတ်နိုင်ငံက ကြိုးပမ်းရာ အဓိကကျဆောင်ရွက်မှာ ဖြစ်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက အချိန် အတော်ကြာကတည်းက ပြောလာခဲ့ကြပါတယ်။ အရည်အသွေးပြည့်နိုင်ငံခြား အဖွဲ့ အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူအစီအစဉ်က တရုတ်ဘဏ္ဍာရေးဈေးကွက်မှာ ရင်းနှီး မြှုပ်နှံဖို့အတွက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအသုံးပြုတဲ့ အဓိကလမ်းကြောင်း တစ်ခုဖြစ်ပါတယ်။    အစီအစဉ်ရဲ့ ခွဲတမ်းကိုမြှင့်တင်ပေးတာက ဒီကဏ္ဍပွင့်လာဖို့အတွက် ခြေတစ် လှမ်းဖြစ်တယ်လို့ တရုတ် အာမခံစာချုပ်စာတမ်းများ ကြီးကြပ်ရေးကော်မရှင်က ပြောပါတယ်။Source.bbc.co.uk