ရေအရင်းအမြစ်နှင့်သဘာဝပတ်ဝန်းကျင်

         ဆက်တိုက်မိုးခေါင်ခြောက်သွေ့ခဲ့မှုကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည် နယ်မှာ လူပေါင်း ၃ သန်းကျော်နဲ့ ကျွဲနွားတိရစ္ဆာန် ၂ သန်းခန့်ဟာ သောက်သုံးရေ ရှားပါးနေရတဲ့ သတင်း၊ ကွမ်ရှိကျွမ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ မှာရှိတဲ့ သတ္တုမိုင်းတစ်ခုဟာ ကင်ဆာရောဂါဖြစ် ပွားစေတဲ့ Cadmium  ဓာတ်ပါတဲ့ ရေဆိုးတွေကို အနီးရှိ လျူကျန်မြစ်တွင်း သွန်ချခဲ့တဲ့အတွက် မြစ်ညာရဲ့ ကီလိုမီတာ ၃၀ လောက်မှာ ငါးတွေ သေပြီး လူတွေက ကြောက်လန့်ကာ ရေသန့်ဘူး တွေ အလုအယက်ဝယ်ယူတဲ့သတင်း၊ တောင်ကိုရီး ယား ကုန်တင်သင်္ဘောတစ်စီးပေါ်က ဖီနောပိုး သတ်ဆေးရည်တွေ ယိုကျခဲ့မှုကြောင့် ယန်စီမြစ် ညာက ကျိန်းကျန်မြို့ရဲ့ သောက်သုံးရေ အရင်း အမြစ်တွေကို အန္တရာယ်ပြုတဲ့  သတင်းတွေက တရုတ်နိုင်ငံမှာ သောက်သုံးရေနဲ့  ပတ်သက်ပြီး ပြဿနာရှိနေတယ်ဆိုတာ ပြသနေပါတယ်။တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန  ရဲ့ အဆိုအရတရုတ်နိုင်ငံမှာ ပျမ်းမျှလူတစ်ဦးအသုံး ပြုနိုင်တဲ့ ရေပမာဏဟာ ကုဗမီတာ ၂၁၀၀ ပဲရှိ တဲ့အတွက် တစ်ကမ္ဘာလုံး ပျမ်းမျှ လူတစ်ဦး ရေ အသုံးပြုမှုရဲ့ ၂၈ ရာခိုင်နှုန်းပဲရှိပါတယ်။တရုတ် နိုင်ငံရဲ့  မြို့ကြီးပေါင်း သုံးပုံနှစ်ပုံမှာ ရေမလုံ လောက်မှုရှိနေပြီး၊ တောလက်ကျေးရွာမှာ နေ ထိုင်သူလူဦးရေ သန်း ၃၀၀ ဟာ စိတ်ချရတဲ့ သောက်သုံးရေ မလုံလောက်မှု ပြဿနာနဲ့ ကြုံ တွေ့နေရပါတယ်။ တစ်နိုင်ငံလုံးဆိုရင် တစ်နှစ်ကို ရေကုဗမီတာ ဘီလီယံ ၅၀ ခန့် လိုအပ်နေတယ် လို့သိရပါတယ်။ အဲဒီဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရပဲ တရုတ်နိုင်ငံမှာရှိတဲ့ မြစ်တွေရဲ့ ၄၀ ရာခိုင် နှုန်းမှာ ရေထုဟာ ညစ်ညမ်းနေပြီး သောက်သုံးဖို့ မသင့်တဲ့ရေတွေ  ဖြစ်နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံမှာရှိတဲ့ မြစ်ပေါင်း ၅ ပုံ ၁ ပုံရဲ့ ရေအရည်အသွေး အဆင့်အတန်းဟာ အလွန် ဆိုးဝါးတဲ့ အမျိုးအစား ဗွီ(V)အဆင့်မှာ ရှိနေပါ တယ်။ အလွန်ဆိုးဝါးတဲ့ အမျိုးအစားမှာပါရှိတဲ့ မြစ် ရေတွေဟာ တချို့ဆိုရင် လက်နဲ့တို့ထိဖို့တောင် မဖြစ်အောင် ညစ်ညမ်းနေပါတယ်။တရုတ်နိုင်ငံရဲ့ မြစ်ကြီးတွေရဲ့ မြစ်ဝကျွန်း ပေါ်ဒေသတွေမှာ ရေအရင်းအမြစ်တွေ အလွန် အကျွံထုတ်ယူ  သုံးစွဲနေကြတဲ့ အတွက်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်ယွင်းလာစေခဲ့ပါ တယ်။ မြေအောက်ရေ  အရင်းအမြစ်တွေကို အလွန်အကျွံ   ထုတ်ယူနေမှုတွေကြောင့်လည်း မြေပြင်အပေါ်လွှာတွေကို ယိုယွင်းပျက်စီးစေပြီး အဲဒီဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ မိသားစုတွေ ရဲ့လုံခြုံရေးကို ထိခိုက်လာစေပါတယ်။တရုတ်နိုင်ငံ ရဲ့ မြောက်ပိုင်းလွင်ပြင်ဒေသရဲ့ သောက်သုံးရေ ၇၅ ရာခိုင်နှုန်းခန့်ဟာ မြေအောက်ရေ အရင်းအမြစ် တွေကထုတ်ယူနေတယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံ ဘူမိဗေဒပတ်ဝန်းကျင် လေ့လာစောင့်ကြည့် ရေးတက္ကသိုလ်မှ   သုတေသီ   ဝူအိုက်မင်းက "အကယ်၍   အတိအကျ ဆုံးဖြတ်ချက်ချပြီး မဆောင်ရွက်ခဲ့ရင် ဒီလို ရေအရင်းအမြစ်တွေကို အလွန်အကျွံ   တူးဖော်ထုတ်ယူမှုတွေကြောင့် အနာဂတ်မှာ ယခုထက်ရေရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရဖို့ရှိတယ်"လို့ ထောက်ပြပါတယ်။ပေကျင်းမှာ အခြေစိုက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO  တစ်ခုဖြစ်တဲ့ ပြည်သူ့ပတ် ဝန်းကျင် ထိန်းသိမ်းရေးဌာနကို တည်ထောင်သူ မာဂျန်က "နှစ်စဉ်ရေအရင်းအမြစ်ဌာနမှ တာဝန် ရှိသူတွေဟာ ကုမ္ပဏီအသီးသီးရဲ့ လာမယ့်နှစ် အတွက် ရေအရင်းအမြစ်အသုံးပြုမယ့် စီမံချက် တွေကို အများသိအောင်  ကြေညာပေးသင့်ပါ တယ်။ ဒါမှ ပြည်သူတွေဟာ ဘယ်ကုမ္ပဏီကြီး တွေက  ရေအရင်းအမြစ်ကို ဘယ်လောက်များ များအသုံးပြုနေတယ်။ ဘယ်လောက်အထိ အလေ အလွင့်များအောင်  သုံးဖြုန်းနေတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်တယ်"လို့ အကြံပြုထားပါတယ်။၂၀၁၀ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ရေ အသုံးပြုမှုဟာ ကုဗမီတာပေါင်း ဘီလီယံ ၆၀၀ အထိစံချိန်တင် မြင့်မားခဲ့တယ်လို့ သိရပါတယ်။ဒီလိုရေသုံးစွဲမှု မြင့်မားလာရတဲ့ အကြောင်းရင်း ကြီးတွေကတော့ စက်မှုလုပ်ငန်းကြီးတွေ အလျင် အမြန်တိုးတက်လာမှုနဲ့  မြို့ပြတွေ ဖွံ့ဖြိုးလာပြီး လူဦးရေတွေ  ထူထပ်လာမှုတွေကြောင့်အပြင် ရေကို အများအပြားအသုံးပြုရတဲ့ စက်မှုလုပ်ငန်း တွေမှာ အလေ့အလွင့်တွေများပြားနေခဲ့လို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံရဲ့အဆိုအရ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးမှာ ရေကိုထိထိရောက် ရောက် အသုံးချနိုင်မှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ နိမ့်ကျနေပြီး တန် ဖိုးမြှင့်စက်မှုထွက်ကုန်တွေအပေါ်မှာ အသုံးပြုရတဲ့ ရေတန်ဖိုးဟာ သုံးဆခန့် များပြားနေတယ်လို့ ဆိုကြောင်းပါခင်ဗျား။Ref;bjreview.com