Main menu

Background

လိုင်စင်မဲ့ ဝင်ရောက်လာတဲ့ စားသုံးဆီများကို စစ်ဆေးချက်အရ စားသုံးသင့်တဲ့ ဆီအမျိူးအစား သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိကြောင်းတွေ့ရှိ

Mon, 05/14/2012 - 03:59 -- Anonymous (not verified)

    "နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက် ရောင်းချနေကြတဲ့ စားသုံးဆီများ စားသုံးဖို့ သင့်/ မသင့် သက်ဆိုင်ရာဌာနများမှ စိစစ် လျက်ရှိခြင်းနဲ့" ပတ်သက်လို့ ကောမတ်စ်ဂျာနယ် အတွဲ-၁၂၊ အမှတ် -၁၂ မှာ ဖော်ပြပါရှိပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲခန့်က ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသတွင်းကို တစ်ဖက်နိုင်ငံမှ တာ့တုံး ယုံအမည်ရှိတဲ့ ပေပါဆီ၊ ရှောက်မိုင်းယန့် အမည်ရှိတဲ့ ၃ ပိဿာဝင် လက်ကိုင်ပါ ပလတ်စတစ် အကြည်ဘူးဆီနဲ့ ဂျင်းလီ (Jin Li  ) တံဆိပ် ဆီ စတဲ့ဆီ ၃ မျိုး လိုင်စင်မဲ့ဝင်ရောက်ခြင်းနဲ့ ပတ်သက်လို့ သက်ဆိုင် ရာဌာနများမှ စိစစ်ခဲ့တာဖြစ်ပါတယ်။ မသန့်စင်တဲ့ဆီများကို ပဲဆီအနံ့ရောပြီး ရောင်းချ    စုံစမ်း တွေ့ရှိချက်တွေအရ ယင်းဆီအချို့ဟာ တရုတ်နိုင်ငံ ဆီစက်များရှိ  ဘေးထွက်မြောင်းအတွင်းမှ ဘေးထွက်ဆီများနဲ့ စားသောက်ဆိုင်များမှ သုံးစွဲပြီး ဆီများကို စုစည်းကာ ပြန်လည် သန့်စင်ထားတဲ့ ဆီများဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆီတွေကို ပြည်တွင်းကို ရောက်ရှိလာချိန်မှာ ကုန်သည်တချို့က ပဲဆီအနံ့ထွက် စေတဲ့ အရည်တစ်မျိုးနဲ့ ရောစပ်ပြီး ပဲဆီအဖြစ် တစ်ပိဿာ ကျပ် ၂၈၀၀-၃၀၀၀ ဈေးတွေနဲ့ ပဲဆီစစ်စစ်ဈေးထက် လျှော့ပြီး ရောင်းချ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ စားသုံးသင့်၊ မသင့် စစ်ဆေးဖို့ နမူနာများ ပေးပို့    ယင်းဆီများကို ပြည်သူလူထုစားသုံးဖို့ သင့်တော်ခြင်း ရှိ/ မရှိ မျက်မြင် ခွဲခြားဖို့ ခက်သလို တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ကျန်းမာရေးထောက်ခံချက်၊ ခိုင်မာတဲ့ အမှတ်တံဆိပ် မပါရှိတဲ့ အတွက် သက်ဆိုင်ရာဌာနက နမူနာစုစည်းရယူပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးဌာန၊ PTAC ရှိဓာတ်ခွဲခန်းများကို ပေးပို့စစ်ဆေးစေခဲ့ကြောင်း သိရပါတယ်။စစ်ဆေးချက်များအရ စားသုံးသင့်တဲ့ ဆီအမျိုးအစားထဲမှာ မပါဝင်    ပြည်သူလူထုစားသုံးဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်ပေးတဲ့ (FDA)  ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ မန္တလေးဈေးကွက်ကို တရုတ်နိုင်ငံမှ ဝင်လာတဲ့ အမည်မသိစားဆီ နမူနာ(၁)မှာ မည်သည့်စားသုံးဆီ အမျိုးအစားနဲ့မှ ကိုက်ညီမှုမရှိကြောင်း သိရပါတယ်။ ပဲဆီအနံ့ရော ထားတဲ့ မန္တလေးဈေးကွက်ကို ဝင်လာတဲ့ နမူနာ(၂) ဆီမှာလည်း ဆီပျက်စပြုနေတာကို ဓာတ်ခွဲစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ စစ်ဆေးချက်အရ မြေပဲဆီအနံ့ရှိပေမဲ့ မြေပဲဆီအရည်အသွေး စံ သတ်မှတ်ချက်များနဲ့ မကိုက်ညီတဲ့အပြင် အခြားစားသုံးဆီ အမျိုး အစားများနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ သိရပါတယ်။ အဲဒီ နမူနာ နှစ်မျိုးစလုံးဟာ ဟင်းသီးဟင်းရွက်ဆီအုပ်စုဝင် ဆီအမျိုးအစားတွေရဲ့ အသေးစိတ်သတ်မှတ်ချက်များနဲ့လည်း ကိုက်ညီမှုမရှိတဲ့အတွက် ဘယ်လိုဆီအမျိုးအစားဖြစ်တယ်ဆိုတာ အတိအကျ သတ်မှတ်လို့ မရဘူးလို့ သိရပါတယ်။ စားသုံးသင့်တဲ့ စားဆီအမျိုးအစားထဲမှာ ပါဝင်မှု မရှိတဲ့ ဆီအဖြစ် သတ်မှတ်ရမယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။အာမခံရှိတဲ့ ဆီများ ရွေးချယ်ဝယ်ယူစားသုံးကြပါ    အမည်မသိတဲ့အပြင် စားသုံးဖို့ သင့်တယ်ဆိုတဲ့ အာမခံချက် လည်း မရှိတဲ့အတွက် အဲဒီဆီများကို စားသုံးမိပါက ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် စားသုံးသူတွေအနေနဲ့ အသိ အမြင်ရှိရှိနဲ့ ခွဲခြားဝယ်ယူစားသုံးဖို့ အကြံပြုလိုပါတယ်။ ပြည်ပမှ တင်သွင်းလာတာ ဖြစ်ပေမဲ့ ပင်လယ်ရေကြောင်းက တရားဝင် ဝင်ရောက်လာတဲ့ စားအုန်းဆီများကို FDA ရဲ့ စားသုံးသင့်ကြောင်း ထောက်ခံချက်ပါမှသာ ဖြန့်ဖြူးစေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထပ်ဆင့်ဖြန့်ဖြူးရောင်းချသူများအနေနဲ့ မသန့်စင်တဲ့ အာမခံချက် မရှိတဲ့ ဆီများရောနှောရောင်းချဖို့  မသင့်သလို စားသုံးသူတွေ အနေ နဲ့လည်း အာခမံချက်ပေးနိုင်တဲ့ မှန်မှန်ကန်ကန်ရောင်းချသူတွေ ထံကသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ပါတယ်။ပြည်သူများရဲ့ ကျန်းမာရေးလုံခြုံစိတ်ချနိုင်စေဖို့  ထိထိရောက်ရောက်    စားသုံးဆီဆိုရာမှာ အနံ့၊ အမြင်တို့နဲ့ ဘယ်ဆီက ကျန်း မာရေးအတွက် စိတ်ချစွာ စားသုံးသင့်တယ်ဆိုတာ ပြည်သူများ အလွယ်တကူ မသိရှိနိုင်တဲ့အတွက် ဖြန့်ဖြူးရောင်းချသူများအနေနဲ့ ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ ရောဆီ စသဖြင့် ထင်ထင်ရှားရှားဖေါ်ပြပြီး အာမခံရှိရှိ၊ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့အညီ ရောင်း ချဖို့ သင့်ပါတယ်။ ဒီလို အာမခံချက်များ ပါရှိခြင်းရှိ၊ မရှိ၊ အာမခံ ချက်များအတိုင်း မှန်ကန်မှုရှိ၊ မရှိ ဆိုတာကိုလည်း စစ်ဆေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အရေးတကြီး ပြင်ဆင်သင့်ပြီဖြစ် ပါတယ်။ မကြာမီ ရောက်ရှိလာတော့မယ့် လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်နိုင်တဲ့ ကာလမှာ ယခုလိုထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှု များ လုပ်ထားမယ်ဆိုရင် ပြည်သူများရဲ့ ကျန်းမာရေးလုံခြုံစိတ်ချရပြီး အမျိုးသားအကျိုးစီးပွား တိုးတက်ရရှိမှာ ဖြစ်ကြောင်းပါ။