Main menu

Background

ၤFOB ဈေးလျှော့ပေမဲ့ မတ်ပဲ FOB တန် ၄ သောင်းနီးပါး အရောင်းအဝယ်ရှိ

Mon, 05/14/2012 - 04:19 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ ယခုတစ်ပတ်အတွင်း မတ်ပဲအရောင်းအဝယ် ဖြစ်မှုက တန်ချိန် ၃၉၀၀၀ ခန့်ထိရှိတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ မတ်ပဲ ဈေးငြိမ်နေပြီး ရူပီးတန်ဖိုးအားပျော့နေပေမဲ့ ဝယ်ယူမှုကတော့ များနေတာ တွေ့ရပါတယ်။ သြင်္ကန်ပိတ်ရက်များမှအပ ကျန်ဖွင့်ရက်များအတွင်း ရောင်းဝယ်မှု အရ ဧပြီလ ၂ ရက်မှ ၂၇ ရက်အထိ မတ်ပဲ SQ၊ FAQ စုစုပေါင်း တန်ချိန် ၆ သောင်း ကျော်ရောင်းဝယ်မှုစာချုပ်ခဲ့ကြောင်း သိရပါတယ်။     လက်ရှိမတ်ပဲ FOB ဈေးအနေနဲ့ ဝယ်လက်အကြိုက်ဈေးဖြစ်နေလို့ ဝယ်ယူမှု အားကောင်းနေပေမဲ့ ရန်ကုန် FOB ဈေးမှာ အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ရန်ကုန် FOB မတ်ပဲအသစ် FAQ တစ်တန် ကန်ဒေါ်လာ ၅၁၀-၅၃၀၊ SQ တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိပြီး မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀၊ SQ တစ်တန် ကန်ဒေါ်လာ ၅၂၀-၅၄၀ ရှိကြောင်းသိရပါတယ်။ ဧပြီလ ၂၇ ရက်မှာ မတ်ပဲအသစ် FAQ နဲ့ အဟောင်းဈေး ပြောင်းလဲမှုမရှိပေမဲ့ အသစ် SQ ဈေးမှာ ကန်ဒေါ်လာ ၅၈၀-၆၀၀ ကို လျော့ကျ ခဲ့ကြောင်း သိရပါတယ်။                         MIRT - MAPT