Main menu

Background

ပြည်မတ်ပဲအဝယ်များသော်လည်း ဈေးအေးနေ

Mon, 05/14/2012 - 04:27 -- Anonymous (not verified)

    သြင်္ကန်အပြီးရက်များမှာ ပြည်ပဲပွဲရုံများကို ရေလမ်း၊ ကားလမ်းနဲ့ မတ်ပဲအဝင် များ လာပါတယ်။ ရွှေတောင်၊ ညောင်စာရေး၊ ဝက်ထီးကန်၊ ပေါင်းတလည်၊ ကံမ၊ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ကို အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိနေပါတယ်။ ပဲလှောင်သမားများ၊ ရန်ကုန်ဝယ်လက်များလည်း အဝယ်များပြီး၊ ပဲတစ်တင်းကို ၁၂၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဝယ်လက်များသော်လည်း ပဲ အဝင်များတာကြောင့်ဈေးအေးပါတယ်။ပြည်၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှ ဘက်မှ ရန်ကုန်ဘုရင့်နောင်ကို ပဲတင်ပို့မှုများပြီး၊ တစ်နေ့ကို အိတ် ၄၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။မိမိအေး