Main menu

Background

သြင်္ကန်မတိုင်မီ တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၅၀၀၀ တင်ပို့မှုရှိ

Mon, 05/14/2012 - 04:28 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ပထမ ပတ် (၂ ရက်မှ ၆ ရက်) အတွင်း ပြည်ပကို တန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ မတ်လကုန်ပတ်မှာ တန်ချိန် ၄၄၀၀ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ပဲစင်းငုံတန် ၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့လို့ ဧပြီလ ၉ ရက်မှ သြင်္ကန်ကာလအတွင်း တန် ၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။    ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၀ ရက်အထိ ပဲစင်းငုံစုစုပေါင်း တန် ၂၇၀၀ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှုသိသိသာသာ ပိုမိုကြောင်း သိရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့် သီတင်း ပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။           MIRT - MAPT