Main menu

Background

သြင်္ကန်ကာလအပြီး သီတင်းပတ်အတွင်း ပဲစင်းငုံ FOB ရောင်းဝယ်မှု ပိုမိုလာ

Mon, 05/14/2012 - 04:31 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ် အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ တန်ချိန် ၁၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုများပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အနည်းငယ်လျော့ကျပြီး အိန္ဒိယရူပီး တန်ဖိုးပါ ကျဆင်းတာကြောင့် ပဲစင်းငုံဈေးမှာ ပြောင်းလဲမှုမရှိ ငြိမ်နေကြောင်း သိရပါတယ်။     ဧပြီလ ၂ ရက်မှ ၂၇ ရက်အထိ ပဲစင်းငုံတန်ချိန် နှစ်သောင်းခန့် အရောင်း အဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ပဲစင်းငုံဈေးမှာ သြင်္ကန် မတိုင်မီ ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၂၇ ရက်မှာ ပဲစင်းငုံအသစ် အနီ တစ်တန် ရူပီး ၅၅၀-၅၇၀၊ ဖြူနီနဲ့ အဖြူတစ်တန် ကန်ဒေါ်လာ ၄၅၀-၄၇၀၊ ပဲစင်း ငုံနီအဟောင်း တစ်တန်ကန်ဒေါ်လာ ၅၂၀-၅၄၀၊ ဖြူနီအဟောင်း တစ်တန် ကန် ဒေါ်လာ ၄၀၀-၄၂၀ ရှိကြောင်း သိရပါတယ်။               MIRT - MAPT