Main menu

Background

ဈေးကွက်ရှာဆဲ ပဲငုံနီ

Mon, 05/14/2012 - 04:34 -- Anonymous (not verified)

    ကမ္ဘာ့ ပဲဈေးကောင်းမွန်ချိန်က ထိပ်ဆုံးစာရင်းဝင် ပဲစင်းငုံနီဟာ ယခုအခါ ဈေးကွက်ရှာရောင်းနေရတဲ့ အခြေအနေထိ ဝယ်လက်ပျောက်နေလို့ မုံရွာကုန်စည် ဒိုင် နှစ်သစ်ကူးပြီး ရက်သတ္တပတ်မှာ ဈေးဆက်လက်ကျဆင်း လျက်ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးဟာ ရံဖန်ရံခါ ရန်ကုန်ပေါက်ဈေးထက် ပိုမြင့်နေပြီး၊ ရန်ကုန်အဝယ် မရှိသလို ရောင်းလက်သမားတွေ အနေနဲ့လည်း မူလဝယ်ရင်း ဈေး တောင် မမီလို့ ထုတ်မရောင်းနိုင်ကြလို့ ဈေးကွက်ပျောက်သလောက် ဖြစ်ခဲ့ရ ကြောင်း၊ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက် ဈေးအားဖြင့် ငုံနီအဟောင်းတစ်တင်း ၁၂၀၀၀ ကျပ်မှ ၁၁၉၀၀ ကျပ်သို့ ကျဆင်း ခဲ့သလို ငုံနီအသစ် တစ်တင်း ၁၃၁၀၀ ကျပ်မှ ၁၂၉၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ရာ အရောင်းအဝယ်အားဖြင့် တစ်ရက်အိတ် ၃၀၀-၇၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ စီးဆင်းမှု အနေနဲ့ ယခုတစ်ပတ်အတွင်း မုံရွာကနေ ရန်ကုန်ကို ပဲစင်းငုံနီ အိတ် ၅၀၀၀ ခန့်သာရှိခဲ့ကြောင်း ကုန်သည်ရပ်ဝန်းက ပြောပါ တယ်။                                                         ထွန်းလှိုင်