ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ပါကစ္စတန်တို့ကို အဓိကတင်ပို့တဲ့ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်အထိ တင်ပို့မှု ရှိခဲ့လို့ မတ်လနောက်ဆုံးပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀ ကျော်ထက် ပိုမိုခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် ၃၁၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်ခဲ့ပြီး သြင်္ကန်အလွန် ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်းမှာ တန်ချိန် ၇၀၀၀ ကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ပဝယ်လိုအားရှိနေတဲ့ ကုလားပဲ FOB ဈေးမှာ သြင်္ကန်မတိုင်မီက FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိရာမှ ဧပြီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ကို တိုးလာကြောင်း သိရပါတယ်။MIRT - MAPT
Background