Main menu

Background

အိန္ဒိယအစိုးရအနေဖြင့် ရေရှည်ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ထားတဲ့အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပဲခွဲစက်လုပ်ငန်းရှင်များမှ တောင်းဆို

Mon, 05/14/2012 - 05:25 -- Anonymous (not verified)

    အိန္ဒိယအစိုးရရဲ့ ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းဟာ ပဲခွဲစက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ကုန်သည် အဖွဲ့အစည်းမှ ပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ ကန့်သတ်ပမာဏများထဲမှ အချို့ကို တင်ပို့ခွင့်ပြု သင့်ကြောင်း ပြောကြား ပါတယ်။ ကြိတ်ခွဲပြီး ပြန်လည်တင်ပို့နိုင်တဲ့ ပဲကုန်ကြမ်းများ တင်သွင်းဖို့ အခွင့်အရေးကို လိုအပ်နေကြောင်း စက်ဟောင်းများ ဖြစ်နေတဲ့ ကြိတ်ခွဲစက်လုပ်ငန်းများဟာ အစိုးရမှ ပြည်ပတင်ပို့ခွင့်ပြုပါက အခွင့်အရေးများစွာ ရရှိမယ်လို့ အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း၊ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ တာဝန်ယူသူ Anurag Tulshan   မှ ပြောကြားပါတယ်။    အိန္ဒိယနိုင်ငံရဲ့ ပဲပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းဟာ နှစ်စဉ်ပဲထုတ်လုပ်မှု တန်ချိန် ၁၇ သန်း ရှိတဲ့အနက် ၁၅ သန်းခန့် ပြုပြင်ထုတ်လုပ်ရပြီး နောက်ထပ် တန်ချိန် ၃-၄ သန်းခန့် တင်သွင်းရပါတယ်။ အစိုးရမှ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ပဲပြည်ပ တင်ပို့မှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ သီရိလင်္ကာနှင့် အချို့အာဖရိကနိုင်ငံများမှာ စားနပ်ရိက္ခာပြုပြင်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်နေပြီး ၎င်းတို့အနေနဲ့ နောက်ကျကျန်နေပြီဖြစ်ကြောင်း Tulshan   မှ ပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ စိုက်ပျိုးဖို့အလုံအလောက်ရှိနေပြီး သိပ္ပံနည်းပညာအသစ်များလည်း ချမှတ်နိုင်ကြောင်း ပြောကြားပါတယ်။     အသင်းအနေနဲ့ ပဲမျိုးစုံပြည်သူဖြန့်ဝေရေးစနစ်နဲ့ ဖြန့်ဝေဖို့လည်း အစိုးရကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ တိုးတက် နေတဲ့ လူဦးရေအတွက် အာဟာရဖြည့်တင်းမှုမှာ အကူအညီဖြစ်စေဖို့အတွက် တောင်းဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့နဲ့ ပြုပြင်ထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် ရေရှည်မူဝါဒချမှတ်ဖို့လည်း အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။     ဇွန်လမှာ ကုန်ဆုံးတဲ့ ယခုရာသီအတွင်း ပဲမျိုးစုံထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၁၈ ဒသမ ၂ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁၇ ဒသမ ၅ သန်းကို ကျဆင်းမယ်လို့ ဆိုပါတယ်။ လာမယ့်ကာလအတွင်း ပဲမျိုးစုံဈေးနှုန်း တည်ငြိမ်ဖွယ်ရှိပါတယ်။ ၂၀၀၈-၀၉ မှာ ဈေးများစွာ မြင့်တက်ပြီးနောက် ပဲမျိုးစုံဈေးနှုန်း တည်ငြိမ်ခဲ့တာကြောင့် ငွေကြေး ဖောင်းပွမှုနည်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ရူပီးတန်ဖိုး ခိုင်မာလာတာကြောင့် တင်သွင်း ပဲဈေးများ ၁၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယပဲမျိုးစုံ တန်ချိန် ၃-၄ သန်းခန့် တင်သွင်းတဲ့အနက် ၁ ဒသမ ၂ သန်း-၁ ဒသမ ၅ သန်းမှာ ကနေဒါ၊ ပြင်သစ်၊ ရုရှားနဲ့ယူကရိန်းတို့က တင်သွင်းလေ့ရှိပါတယ်။ ယုဇန၊Source: Business standard