မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပွဲတော်အပြီး အရောင်းအဝယ် ပြန်စကတည်းက အမြင့်ဈေးနဲ့ အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် Export ရှိတဲ့ V2 နဲ့ ကုလားပဲတိုင်ပေတို့ပိုပြီး ဈေးရခဲ့ကြတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးတွေအနေနဲ့ ကုလားပဲရိုးရိုး တစ် တင်း ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ကုလားပဲတိုင်ပေ ၁၅၈၀၀ ကျပ်မှ ၁၆၃၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဝယ်လက်အားဖြင့်Export အတွက် V2 အဝယ်အော်ဒါရှိတဲ့အတွက် ရန်ကုန်အဆွဲကြောင့်၊ တစ်ရက် အိတ် ၁၅၀၀ ခန့်၊ ကုလားပဲ တိုင်ပေကို ရန်ကုန်နဲ့ ဒေသလုပ်ငန်းသုံး အဝယ်ရှိလို့ တစ်ရက် အိတ် ၁၀၀၀ ခန့်၊ 929 နဲ့ ကုလားပဲရိုးရိုးကတော့ ဒေသတွင်း လုပ်ငန်း သုံးဝယ်လက်သာရှိလို့ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်
Background