Main menu

Background

အိန္ဒိယကုလားပဲအထွက်လျော့မယ့် ခန့်မှန်းချက်နဲ့ ရောင်းချမှုပါးတာကြောင့် ကုလားပဲဈေး ဆက်လက်မြင့်တက်

Mon, 05/14/2012 - 05:36 -- Anonymous (not verified)

    အိန္ဒိယကုလားပဲအထွက်လျော့ကျမှုအပေါ်စိုးရိမ်ခြင်းနဲ့ ပြည်တွင်းဈေးကွက် များအတွင်း ရောင်းချမှုပါးခြင်းတို့ကြောင့် ကုလားပဲကြိုပွိုင့်ဈေး ဆက်လက်မြင့်တက် ဖွယ်ရှိနေပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကစပြီး ရာဂျက်စသန်မှ ကုလားပဲများ စတင်ဝင်ရောက်လာခဲ့ပေမဲ့ အထွက်နှုန်းကျဆင်းတာကြောင့် ဝင်ရောက်မှုနည်းတယ် လို့ ဆိုပါတယ်။ ရာဂျက်စသန်ဟာ ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံး ပြည်နယ် ဖြစ်ပါတယ်။     စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းအရ ကုလားပဲဖြူလုံးကြီး၊ ပဲလုံးနဲ့ ပဲစင်းငုံ တင်သွင်းမှုဟာ တိုးတက်ပြီး တန်ချိန် ၁ ဒသမ ၇ သိန်း၊ ၁၆ ဒသမ ၅၂ သိန်းနဲ့  သုည ဒသမ ၃၄ သိန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ စားသုံးမှုကြီးထွားနေပေမဲ့ လက်ရှိရာသီ ပဲထွက်ရှိမှုလျော့ကျခြင်းကြောင့် ရောင်းချမှုနည်းကာ တင်သွင်းမှုမြင့် တက်နိုင်ခြင်းနဲ့အတူ ဈေးနှုန်းမှာလည်း ဆက်လက်အတက်ဘက်ရောက်နိုင်တယ်လို့ လေ့လာ ဆန်းစစ်သူ တစ်ဦးက ဆိုပါတယ်။ယမင်းခင်                Source: commodityonline