အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)တွေ သြင်္ကန်မတိုင်ခင်ကထက်တော့ အဝင်များလာပါတယ်။ ချင်းထိုး သမားနဲ့ ဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဈေးတွေကတော့ သြင်္ကန် မတိုင်ခင်က ဈေးလိုပဲ အပြောင်းအလဲသိပ်မရှိပါဘူး၊ အနိမ့်ဆုံး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ် ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အဝင်နည်းနေပါသေး တယ်။ တောင်သူတွေကလည်း ကြိုက်ဈေး မရသေးတာကြောင့် ထုတ်မရောင်းကြ သေးဘူးလို့လည်း သိရပါတယ်။ ဈေးကတော့ တစ်ပိဿာ ၁၃၀၀ ကျပ် -၁၄၀၀ ကျပ်ဈေး ရှိပါတယ်။ ဟိုပုံဈေးကွက်မှာတော့ ချင်းစိုက သြင်္ကန်ပြီးစမှာ အရောင်းအဝယ်ငြိမ်နေတယ် လို့လည်း သိရပါတယ်။ အဝင်ကလည်းသိပ်မရှိသလို၊ လှောင်လက်တွေဆီမှာ သိပ် မရှိတော့ဘဲ တောင်သူလက်မှာသာ အနည်းအကျဉ်း ကျန်တော့တယ်လို့ သိရပါ တယ်။ ဈေးကတော့ တစ်ပိဿာ ၂၀၀ ကျပ် - ၂၅၀ ကျပ်ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင်
Background