Main menu

Background

မန်ကျည်း တင်ပို့အားကောင်း

Mon, 05/14/2012 - 05:40 -- Anonymous (not verified)

    ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း မန်ကျည်း ၂၀၆၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေမှာ အင်ဒိုနီးရှားနိုင်ငံကို ၂၇၂ တန်၊ မလေး ရှားနိုင်ငံကို ၅၃၃ တန်၊ ပါကစ္စတန်နိုင်ငံကို ၈၄၈ တန်၊ စင်ကာပူနိုင်ငံကို ၄၀၉ တန်အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မန်ကျည်းတင်ပို့မှု မှာ တန်ချိန် တစ်ထောင့်လေးရာရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့ မှုနဲ့ယှဉ်ရင် တန်ချိန် ငါးရာကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB ဈေး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၅၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ကိုးသိန်းသုံးသောင်းကျော်ရရှိခဲ့ပါတယ်။     MIRT (DOT)