Main menu

Background

အရောင်းအဝယ်အားကောင်းနေတဲ့ မန်ကျည်းမှည့်

Mon, 05/14/2012 - 05:41 -- Anonymous (not verified)

    မန္တလေးတိုင်းဒေသကြီးရဲ့ မန်ကျည်းဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ ကျောက်ပန်း တောင်းနယ်မှာ ယခုနှစ် မန်ကျည်းအရောင်းအဝယ်ပိုကောင်းတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ဟာ မန်ကျည်းအထွက်လှိုင်ချိန်ဖြစ်ပြီး၊ ယခင်နှစ်ကထက်လည်း အသီးသီးနှုန်းအားကောင်းလို့ အထွက်ကောင်းပါတယ်။    ပြည်ပဝယ်လိုအားလည်းကောင်းတဲ့အတွက် ကျောက်ပန်းတောင်းနယ်မှ ရန်ကုန်ကို အများဆုံးတင်ပို့ပြီး ရန်ကုန်မှ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနိုင်ငံများ ကို တင်ပို့နေကြောင်းသိရပါတယ်။ လက်ရှိပေါက်ဈေးမှာ အစေ့ပါ၊ အကြောဆွဲ တစ်ပိဿာ ၄၁၀ ကျပ် - ၄၂၀ ကျပ်၊ မန်ကျည်းအသားတစ်ပိဿာ ၇၀၀ ကျပ် - ၇၅၀ ကျပ်၊ ဓားစင်း တစ်ပိဿာ ၅၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရပါတယ်။    သင်းသင်းမြတ်