Main menu

Background

အတက်အကျများနဲ့ ဈေးနှုန်းမငြိမ်တဲ့ နယ်စပ်နနွင်းတက်

Mon, 05/14/2012 - 05:43 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၃၂၇ ဒသမ ၆၂၀ တန်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ နနွင်းတက် ၃ တန် ကျော် ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။    ဧပြီလ ၁၁ မှ ၁၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၁၀ သန်းတန်ဖိုးရှိ နနွင်းတက် ကန်ဒေါ်လာ ၇၁ ဒသမ၀၆၀ တန်ကိုမူ မူဆယ်နယ်စပ်မှ အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၄၅ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နနွင်းတက်နဲ့ နနွင်းခေါင်းများ အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၇၈ သန်းတန်ဖိုးရှိ နနွင်းတက် ၂၄၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိနနွင်းခေါင်း ၃ တန်ကျော်နဲ့ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ နနွင်း တက် ၈ တန်အပို့ရှိခဲ့ရာ စုစုပေါင်းယခုအပတ်မှာ ၂၅၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၈၄ တန်ဝန်းကျင် အပို့ပိုခဲ့ပါတယ်။      MIRT (DOBT)