တမီလ်နာဒူးအစိုးရက နနွင်းတစ်တန် အနိမ့်ဆုံးထောက်ပံ့ဈေး ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၀၃)ဈေးနဲ့ ဝယ်ယူမယ် ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ၎င်းင်းတို့နနွင်းများကို ပြန်လည်သိုလှောင် ထားကြတယ်လို့သိရပါတယ်။ ဝင်ရောက်မှုအကန့်အသတ်သာရှိတဲ့တိုင် ဈေးကွက်မှာတော့ ၅၀ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့သိရပါတယ်။ တောင်သူများစွာက ဈေးကွက်ကို နနွင်းသယ်မလာကြဘူး။ အချို့တောင်သူအနည်းစုသာ ဈေးအနိမ့်နဲ့ ရောင်းချမှုရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ လွန်ခဲ့တဲ့၂ ရက်က အီရော့မှ တောင်သူများအုပ်စုဟာ MSP တစ်တန်ရူပီးတစ်သိန်း သတ်မှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။ အလားတူ ကာနာတာကာမှာလည်း တောင်သူအချို့က တမီလ်နာဒူးတောင်သူတွေ တောင်းဆိုသလို MSP သတ်မှတ်ပေးဖို့ တိုက်တွန်းခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ ၂၅ ရက်က နနွင်းဟောင်းအိတ် ၁၀၀၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အနက် အိတ် ၄၈၉၀ သာ ရောင်းချရ တယ်လို့ သိရပါတယ်။ ပြည်တွင်းကုန်သည်များနဲ့ အချို့လှောင်လက်များဝယ်ယူခဲ့ပြီး ပြည်ပတင်ပို့သူတွေကတော့ ဝယ်ယူမှုမရှိဘူးလို့ ဆိုပါတယ်။ အီရော့နနွင်းကို အိန္ဒိယမြောက်ပိုင်းက အမှာမရှိတဲ့အတွက် အဝယ်အကန့်အသတ်သာ ရှိခဲ့ခြင်းဖြစ်တယ်။ အီရော့ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၂၂၀၀၀-၃၅၃၂၀ (ကန်ဒေါ်လာ ၄၁၉-၆၇၂ ) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၂၀၀၀-၃၂၁၀၀ (ကန်ဒေါ်လာ ၄၁၉-၆၁၁) ရှိတယ်လို့သိရပါတယ်။ယမင်းခင်၊Source: hindubusiness
Background