Main menu

Background

သြင်္ကန်အပြီး ရှမ်းကြက်သွန်ဖြူ အရောင်းအဝယ်သွက်

Mon, 05/14/2012 - 05:46 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့ နယ်၊ ဆီဆိုင်မြို့နယ်မှာ စိုက်တဲ့ကြက်သွန်ဖြူအသစ် တွေက ၂ လပိုင်းအကုန်၊ ၃ လပိုင်းမှာစပြီးတော့ ဈေးကွက်ဝင်လာပါ တယ်။ မနှစ်က အဟောင်းလက်ကျန်တွေ ကလည်း ကျန် နေပါသေးတယ်။အဟောင်းဈေးကအဲဒီအချိန်မှာ တစ်ပိဿာ ကို အနိမ့်ဆုံး ၂၅၀ ကျပ်မှ အမြင့်ဆုံး ၉၀၀ ကျပ်ဈေးသာရှိပြီး အရောင်းအဝယ်ကလည်း သိပ်မဖြစ်ပါဘူး။ ဒေသသုံးအတွက် လက်လီသာရောင်းနေရတယ်လို့သိရပါတယ်။ မတ်လဆန်းမှာ တော့ ကြက်သွန်ဖြူအသစ်တွေဝင်လာပြီး၊ အသစ်ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၇၀၀ ကျပ် ဈေးနဲ့သာ စဖွင့်ခဲ့ပါတယ်။ မတ်လကုန်ပိုင်းမှာတော့ အနိမ့်ဆုံး ၃၅၀ ကျပ်မှ အမြင့်ဆုံး ၇၅၀ ကျပ်ထိ ဈေးတက်လာခဲ့ပေမဲ့ အရောင်းအဝယ်က ခပ်အေးအေးသာ ရှိတယ်လို့ သိရပါ တယ်။ သြင်္ကန်ပြီးကာလမှာ ပြည်တွင်းဝယ်လက်တွေနဲ့ ဒေသ တွင်းစားသုံးဖို့အတွက် ဝယ်ယူလာတာကြောင့် အရောင်းသွက် လာပြီး ဈေးကလည်းတက်လာပါတယ်။ ဒီတစ်ပတ်ကြက်သွန် ဖြူ ဈေးနှုန်းတွေကတော့ (လတ်ခြား) တစ်ပိဿာ ၄၈၀ ကျပ်၊ (ထူး-၁) ၅၈၀ ကျပ်၊ (ထူး-၂) ၆၅၀ ကျပ်၊ (ထူး-၃) ၈၀၀ ကျပ်နဲ့ (ထူး-၄) ၉၀၀ ကျပ်ဈေးရှိပါတယ်။      ဧဧခိုင်