Main menu

Background

တချို့ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာများကို ကန့်သတ်၍ဝယ်ယူနေရခြင်းမှာ ဘဏ်ရှိ မြန်မာငွေနှင့် ချိန်ဆနေခြင်းကြောင့်ဖြစ်သည်ဟုဆို

Mon, 05/14/2012 - 05:59 -- Anonymous (not verified)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားများကို နှုန်းရှင်တစ်ခုအဖြစ်သတ်မှတ်၍ ပုဂ္ဂလိကဘဏ်များရှိ ငွေလဲစင်တာများတွင် ရောင်း ဝယ်ခွင့်ပြုလျက်ရှိသည်။ ဗဟိုဘဏ်မှ အဆိုပါ တရားဝင်နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ရှိသည့်ဘဏ်များအား လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်သောင်းအထိ လဲ လှယ်ခွင့်ရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်မူ ဒေါ်လာ ၁၀၀ မှ ၅၀၀ အထိသာ လဲလှယ်ပေးနေကြောင်း စုံစမ်းသိရှိရသည်။ထိုကဲ့သို့ဖြစ်ရသည်မှာ ပုဂ္ဂလိကဘဏ်များအနေဖြင့် အမေရိကန်ဒေါ်လာများ ကို အရောင်းအဝယ်ပြုလုပ်ရာတွင် အဝယ်ထက် အရောင်းပမာဏက ပိုမိုများပြား နေခြင်းကြောင့်လည်းကောင်း၊ ဘဏ်မှ တာဝန်ရှိသူများ၏ နေ့စဉ်သတ်မှတ်ထား သည့် ပမာဏအထိသာရောင်းဝယ်ရသည့်အတွက်လည်းကောင်း ယခုကဲ့သို့ ကန့် သတ်မှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ဘဏ်မှာကတော့ ဘဏ်ကတာဝန်ရှိတဲ့သူတွေက ဒီနေ့ပမာဏ ဘယ်လောက်အထိပဲ အရောင်းအဝယ်လုပ်မယ်လို့သတ်မှတ်ထားတဲ့အတွက် လာပြီး ဝယ်တဲ့သူ ရောင်းတဲ့သူတွေကို ကန့်သတ်ပြီး ရောင်းရတာပါ။ အဲဒီလို ဝယ်တာ တောင်မှ ဘဏ်ကဒီဒေါ်လာတွေကိုပိုက်မိနေတာ။ အများကြီးဝယ်လိုက်မိရင် ဘဏ် မှာ မြန်မာငွေမရှိတော့ရင် ဘဏ်ကဒုက္ခရောက်မှာ။ ဒါကြောင့် ဘဏ်က နိုင်သ လောက်ကိုပဲ ဝယ်ရတာပါ။ ကျွန်တော်တို့က ဒီငွေတွေကို မော်တော်ယာဉ်လိုင်စင် အတွက် ကညနကြေးတွေကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ပြန်သွင်းရတာ မျိုးပဲရှိတယ်။ ငွေဈေးကမငြိမ်တဲ့အခါကျတော့ ဗဟိုဘဏ်ကို ပြန်သွင်းတဲ့အခါ ဈေး ကွာသွားပြီဆိုရင်နစ်နာမှုတွေရှိတယ်။ ဒါမျိုးတွေဟာဘဏ်တိုင်းတွေ့ကြုံရတဲ့ အခက် အခဲတွေပါ"ဟု မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။ယင်းကဲ့သို့ ငွေလဲလှယ်မှုများပြုလုပ်ရာတွင် သမဝါယမဘဏ်သည် ယခင်က ကန့်သတ်မှုဖြင့်သာရောင်း/ဝယ်ခဲ့သော်လည်း ယခုအခါတွင် ဒေါ် လာတစ်သောင်း အထိကို နေ့စဉ်ရောင်း/ဝယ်လျက်ရှိကြောင်း သိရသည်။"ကျွန်တော်တို့ဘဏ်မှာက အခုဆိုရင် အဝယ်နဲ့အရောင်းက မျှနေတော့ ဗဟို ဘဏ်က သတ်မှတ်ပေးထားတဲ့အတိုင်း ဒေါ်လာတစ်သောင်းအထိ ဝယ်/ရောင်း လုပ်ပေးပါတယ်"ဟု သမဝါယမဘဏ်ရှိ ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။                                                      မယ်သီတာ