Main menu

Background

ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁၆၄၀၊ ၁၆၅၀ ဒေါ်လာ ဝန်းကျင်တွင်သာ ပြောင်းလဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Mon, 05/14/2012 - 06:00 -- Anonymous (not verified)

အီးယူဒေသ    ကြွေးမြီအကျပ် အတည်း ပျံ့နှံ့သွားဖွယ်ရှိတယ်ဆိုတဲ့ စိုး ရိမ်ပူပန်မှုများပိုလာခြင်း၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှု နှေးကွေးလိမ့်မယ်လို့ ခန့်မှန်းလာကြခြင်းတို့ကြောင့် ဧပြီ ၂၃ ရက် ကမ္ဘာ့ရွှေဈေးနှုန်းတွေ အားနည်း လာတယ်။ ဒါ့အပြင် အမေရိကန်ပြည် ထောင်စုရဲ့ စီးပွားရေးတိုးတက်လာပြီး ကန်ဒေါ်လာတန်ဖိုး  မြင့်မားလာခြင်း ကြောင့် ကန်ဒေါ်လာနဲ့ တန်ဖိုးသင့်တဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်လိုအား လျော့ နည်းသွားတယ်လို့သိရတယ်။ ဒါကြောင့် ဧပြီ ၂၃ ရက် စင်ကာပူ စံတော်ချိန် နေ့ခင်း ၃း၂၈နာရီကလက်ငင်းအရောင်း ရွှေဈေးနှုန်းက တစ်အောင်စကို ၁၆၃၄ ဒသမ ၇၅ ဒေါ်လာ အထိ ရောက်ရှိပြီး နောက်ပိုင်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကာ ၁၆၃၃ဒသမ ၆၀ ဒေါ်လာ အထိရောက်ရှိခဲ့တယ်လိ့ု သိရတယ်။နယူးယောက် ဃသာနထ မှာ ဇူလိုင် လအရောက်ပို့ရမယ့် ရွှေကလည်း တစ် အောင်စကို  သုည ဒသမ ၅ ရာခိုင် နှုန်း  ကျဆင်းကာ  ၁၆၃၅  ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ယခုရက် ပိုင်းကာလတွေမှာ ရွှေအပေါ် စိတ်ဝင် စားမှုနည်းနေရာ ဧပြီလအတွင်း ကမ္ဘာ့ ရွှေဈေးနှုန်း သိသိသာသာ ပြောင်းလဲမှု မရှိပဲ  တစ်အောင်စကို ၁၆၄၀-၅၀ ဒေါ်လာဝန်းကျင်မှာသာ  ပြောင်းလဲရာ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်။Source:Bloomberg.comပပ