ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်ဝင်ပထမသီတင်းပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၉၆၈၇၁ ဒသမ ၇၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်ဆယ့် ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၇၀၀၊ ဆင်တံဆိပ် ဘိလပ်မြေ ၆၀၅၉၄ ဒသမ ၈ တန်နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၃၀၅၇၆ ဒသမ ၉၅ တန်ကိုတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ တင် သွင်းမှုမှာ တန်ချိန် ခြောက်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်းကျော် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)သြင်္ကန်ကာလဝန်းကျင် နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုမြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၁၁၇သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၄၆၄ တန်ကို ဧပြီ ၄ ရက် မှ ၁၀ ရက်ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ အလားတူကာလအတွင်းမှာပဲ တာချီလိတ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၇၆၉ တန် ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၂၅ တန် ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၃၅ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန် ၇၀၀၊ ကန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၄၂ တန်ခန့်ကို စစ်တွေနယ်စပ်မှအသွင်းရှိခဲ့တဲ့အတွက် ယခုအပတ်အတွင်း နယ်စပ် မှ ဘိလပ်မြေ ၃၈၀၀ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ဧပြီ ၁၁ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန် ၇၀၀ ဝန်းကျင်သာ နယ်စပ်စခန်းများက အသွင်း ရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုတွေကတော့ မြိတ်မှ တန် ၄၀၀၊ တာချီလိတ်မှ ၂၃၂ တန်နဲ့ ကန်ပိုက်တီးမှ ၆၉ တန် အသီးသီးဖြစ်ပါတယ်။ဧပြီ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၁၉၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၄၅၅ တန်ဝန်းကျင်အသွင်းရှိခဲ့ ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၁၁၄၅ တန်၊ မြိတ်မှ တန် ၇၆၀၊ တာချီလိတ်မှ ၄၈၆ တန်နဲ့ မူဆယ်မှ ၆၅ တန်ခန့် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၇၅၅ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)ဘိလပ်မြေဈေးကွက် တည်ငြိမ်နေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဘိလပ်မြေဈေးကလည်း သြင်္ကန်မတိုင်မီက အရောင်းအဝယ်ဖြစ်ခဲ့တဲ့ဈေးအတိုင်း ရှိနေတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)နဲ့ ကြံ့(မြိုင်ကလေး) ကဈေးမပြောင်းပေမဲ့ မြင်းခေါင်း ဘိလပ်မြေက ၅၀ ကျပ်ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေမှာ မြင်းခေါင်းဘိလပ်မြေ ၃၀၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၄၉၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၃၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ စိန်(ထိုင်း)က ၁၀၀ ကျပ်ဈေးကျပြီး မြို့တော်က ၃၀၀ ကျပ်၊ နဂါးက ၁၀၀ ကျပ်ဈေးမြင့်လာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၈၀၀ ကျပ်နဲ့ နဂါးက ၅၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာဘိလပ်မြေက ရောင်းအားကောင်း တယ်လို့အရောင်းဆိုင်မှဝန်ထမ်းတစ်ဦး ကဆိုပါတယ်။ သြင်္ကန်ပိတ်ရက်အပြီးပြန်ဖွင့်တဲ့ရက်မှ စပြီး တစ်ရက်ပြီး တစ်ရက် ရောင်းအားတက်တယ် လို့ ပြောပါတယ်။ ရောင်းအား ရှိပေမဲ့လည်း ဘိလပ်မြေဈေးက ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက ယခင်ဈေးအတိုင်း ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်(ထိုင်း) က ၄၇၅၀ ကျပ်၊ ကျောက်ဆူးတံဆိပ် ဘိလပ်မြေက ၄၅၀၀ ကျပ်၊BLUE LION က ၄၅၀၀ ကျပ်နဲ့ မြင်းခေါင်းတံဆိပ်က ၃၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆင်(ထိုင်း)က ယခင်ဈေးအတိုင်း ရှိပေမဲ့ မြင်းခေါင်း က ၃၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက ဆင်(ထိုင်း) ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားတက်လာတယ်လို့ ဘိလပ် မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ သြင်္ကန်ပိတ်ရက်ရှည်အပြီး တည်ဆောက်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ တာကြောင့် ရောင်းအားတက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)နဲ့ စိန်(ထိုင်း)က ၅၀၀ ကျပ်ဈေးတက်ပြီး ကျားခေါင်းတံဆိပ်ဘိလပ်မြေက ၂၀၀ ကျပ် ဈေးမြင့်လာတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်မန္တလေးဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးနှုန်းများမှာ အေသုံးလုံး ၅၃၀၀၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၄၀၀ ကျပ်၊ စိန်(ထိုင်း) ၆၃၀၀ ကျပ်၊ ဆင်မင်း ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၄၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ် တို့ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
Background